Author Archives: Department of Disaster Management

  • တိုင်းဒေသကြီး/ပြည်နယ်အချို့တွင်ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိမှုအခြေအနေနှင့်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကသက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိ

    ၂၀၁၉ခုနှစ်၊ဇူလိုင်လအတွင်း၌တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ (၂၆-၇-၂၀၁၉)နေ့အခြေအနေအရ- စစ်ကိုင်းတိုင်းဒေသကြီးကသာ၊ထီးချိုင့်၊ကန့်ဘလူ၊ ခင်ဉီး၊ စစ်ကိုင်း၊ ကျောက်မြောင်းမြို့နယ်များ၌အိမ်ထောင်စု(၃၁၀၀)ခန့်၊လူဦးရေ(၁၃၀၀၀)ကျော်၊ မန္တလေးတိုင်းဒေသကြီး၌သပိတ်ကျင်း၊စဉ့်ကူး၊ စဉ့်ကိုင်၊ တံတားဉီး၊တောင်သာ၊ မြင်းခြံမြို့နယ်များတွင်အိမ်ထောင်စု(၅၅၀၀)ကျော်၊လူဦးရေ(၂၃၀၀၀)ကျော်၊ မကွေးတိုင်းဒေသကြီး၌ချောက်၊ ရေနံချောင်း၊ မကွေး၊ ကံမ၊ မင်းဘူး၊ စလင်းမြို့နယ်တို့၌အိမ်ထောင်စု(၆၇၀)ကျော်၊လူဦးရေ(၂၅၀၀)ကျော်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ အိမ်ထောင်စု(၁၈)စု၊လူဦးရေ(၈၃)ဦးတို့ယာယီရေဘေးရှောင်နေရာများ၌ပြောင်းရွှေ့နေထိုင်လျက်ရှိပါသည်။ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏လမ်းညွှန်မှုဖြင့်တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့်ပူးပေါင်းကာကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊ ဆန်ရိက္ခာဖိုး၊အိမ်ဆောက်ပစ္စည်းဖိုးငွေများအပါအဝင် စုစုပေါင်းကျပ်(၂၀၉၃)သိန်းကျော်ထောက်ပံ့ပြီးဖြစ်ကြောင်းနှင့်ထောက်ပံ့မှုများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။ ပြည်သူများအနေဖြင့်လည်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသတင်းထုတ်ပြန်ချက်များ၊ပညာရှင်များ၏သုံးသပ်အကြံပြုချက်များကိုအလေးထားဂရုပြုလိုက်နာရန်နှင့်အကူအညီလိုအပ်ပါကဒေသအလိုက်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးများသို့ဖြစ်စေ၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်) Hot Line နံပါတ်များဖြစ်သော၀၆၇-၃၄၀၄၆၆၆၊၀၆၇-၃၄၀၄၇၇၇သို့ဖြစ်စေအကူအညီတောင်းခံနိုင်ကြောင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှနှိုးဆော်ထားပါသည်။

  • ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ်(၃)ရပ်ကွက်တွင်(၂၄-၇-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့ရသည့် နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀)ကျပ်၊ ပြိုကျပျက်စီးနေအိမ် (၁)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀)ကျပ်၊ စုစုပေါင်းလူဦးရေ (၂၆)ဦးအတွက်(၇)ရက်စာရန်ပုံငွေ(၅၆,၄၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၃၅၄,၆၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁)အိမ်ထောင်စာ (၃၂,၃၅၃)ကျပ် အား (၂၆-၇-၂၀၁၉)ရက်နေ့ (၁၂၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ကျိုင်းတုံခရိုင်ဦးစီမှုးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီမှုးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၁၉)ရက်နေ့ (၀၉း၀၀)နာရီမှ(၁၂:၀၀)နာရီအထိ ကျိုင်းတုံမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ သဘာဝဘေး အသိပညာပေး ဟောပြောပွဲကို ကျောင်းသား/သူ(၁၅၁)ဦးဖြင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင်ရာသီဥတု ပြောင်းလဲခြင်းနှင့်၎င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွါးမီ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေး ဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့်အနေအထားကိုလက်တွေ့သရုပ်ပြသခြင်း လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီမှုးရုံး (ဘစမ) # ar # shn_ jul … Read more

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးချင်းပြည်နယ်၊ပလက်ဝမြို့နယ်အတွင်းရှိတိုက်ပွဲရှောင်ပြည်သူများအတွက်ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးနိုင်ရေးရခိုင်ပြည်နယ်တွင် ညှိနှိုင်းဆွေးနွေး

    ဇူလိုင်၂၆၊စစ်တွေ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်အတွင်းရှိတိုက်ပွဲရှောင်ပြည်သူများအတွက်စားနပ်ရိက္ခာများထောက်ပံ့နိုင်ရေးနှင့်လိုအပ်မှုများကိုဖြည်းဆည်းပေးနိုင်ရေးညှိနှိုင်းအစည်းအဝေးကိုယနေ့မွန်းလွဲပိုင်းကစစ်တွေမြို့ရှိပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဆလိုင်းလျန်လွယ်၊ဒုတိယဝန်ကြီးဦးစိုးအောင်၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်မှပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီးကမိမိတို့ဝန်ကြီးဌာနအနေဖြင့်ချင်းပြည်နယ် အတွင်းရှိဘေးဒုက္ခခံစားနေရသောတိုက်ပွဲရှောင်ပြည်သူများအတွက်လိုအပ်မှုများကိုကူညီဆောင်ရွက်ပေးရန်လာရောက်ခြင်းဖြစ်ကြောင်း၊ချင်းပြည်နယ် တောင်ဘက်အစွန်းရှိပလက်ဝမြို့နယ်ကိုလမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ချင်းပြည်နယ်ဘက်မှ အချိန်မီထောက်ပံ့ရန် အခက်အခဲရှိသဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေ ကျောက်တော်ဘက်မှ ထောက်ပံ့ နိုင်ရေးအတွက် လာရောက်ညှိနှိုင်းဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊တိုက်ပွဲရှောင်ပြည်သူများအတွက်စားနပ်ရိက္ခာလိုအပ်ချက်သည်အဓိကဖြစ်ပါကြောင်း၊တိုက်ပွဲရှောင်ပြည်သူများအတွက် ရရှိလာသောစာရင်းများအပေါ်အခြေခံပြီးလိုအပ်သောစားနပ်ရိက္ခာများကိုလစဉ်ထောက်ပံ့ပေးနိုင်ရန်စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ရခိုင်ပြည်နယ်အတွင်းရှိတိုက်ပွဲရှောင်များအတွက်ယာယီခိုလှုံနေထိုင်ရန်နေအိမ်များဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊စားနပ်ရိက္ခာများနှင့်ထောက်ပံ့မှုများကိုလိုအပ်သောသူများထံသို့အမြန်ရောက်ရှိရန်အရေးကြီးပါသဖြင့်အားလုံးဝိုင်းဝန်းကြိုးစားပေးကြစေလိုကြောင်း၊ယခုအစည်းအဝေးသည်ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိတိုက်ပွဲရှောင်ပြည်သူများအတွက်စားရိက္ခာနှင့် လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့်အကောင်းဆုံးနည်းလမ်းများကိုရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ဆောင်ရွက်ရန်ဝိုင်းဝန်းဆွေးနွေးပေးကြရန်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ချင်းပြည်နယ်ဝန်ကြီးချုပ်ဦးဆလိုင်းလျန်လွယ်ကတိုက်ပွဲရှောင်ပြည်သူများနှင့်ရေဘေးသင့်ပြည်သူများအတွက်ကူညီစောင့်ရှောက်ပေးရန်လိုအပ်ပါကြောင်း၊ကျေးရွာတွင်မနေနိုင်ဘဲချောင်းဘေး၊လမ်းဘေး၊ လယ်ကွင်းများနှင့် နီးစပ်ရာဆွေမျိုးများနေအိမ်တွင်ဖြစ်သလိုနေထိုင်နေကြရသောပြည်သူများအတွက်ကူညီပေးရန်လိုအပ်ပါကြောင်း၊ချင်းပြည်နယ်၏လမ်းပန်းဆက်သွယ်ရေးအခြေအနေကိုအားလုံးအသိပင်ဖြစ်ပါကြောင်း၊အဓိကလိုအပ်သောရိက္ခာဆန်များကိုပြည်သူများအနေဖြင့်ရခိုင်ပြည်နယ်မှဝယ်ယူနေရပါကြောင်း၊တိုက်ပွဲရှောင်ပြည်သူများအပါအဝင် ဒေသခံပြည်သူများအတွက် ဆန်သယ်ယူမှုကိစ္စများအဆင်ပြေစေရေးပူးပေါင်းဆောင်ရွက်နိုင်ရန် အကြံဉာဏ်များရယူလိုပါကြောင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက်ဒုတိယဝန်ကြီးဦးစိုးအောင်ကယခုခရီးစဉ်အတွင်းပလက်ဝမြို့နယ်ရှိတိုက်ပွဲရှောင်ပြည်သူများနှင့်ရေဘေးသင့်ပြည်သူများအတွက်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကဆန်၊ဆီ၊ဆား၊ပဲ၊ရိက္ခာ (၃)လစာနှင့်ကလေးကျောင်းဝတ်စုံများ၊တာပေါ်လင်လိပ်များနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆန်ရိက္ခာ (၂)လစာနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများနှင့် ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများမှလည်းထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားပြီးတက်ရောက်လာကြသောချင်းပြည်နယ်နှင့် … Read more

  • ချင်းပြည်နယ်၊ပလက်ဝမြို့နယ်အတွင်းရှိတိုက်ပွဲရှောင်ပြည်သူများအားကူညီထောက်ပံ့မှုများဆောင်ရွက်မှုသတင်း

      ဇူလိုင်၊၂၇၊စစ်တွေ        ချင်းပြည်နယ်၊မင်းတပ်ခရိုင်၊ပလက်ဝမြို့နယ်အတွင်းရှိတိုက်ပွဲရှောင်ပြည်သူများ၊ရေဘေးသင့်ပြည်သူများအတွက်ဆန်ရိက္ခာနှင့်ဆီ၊ဆား၊ပဲများ၊မိုးကာလိပ်များစသည့်ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးရန်အတွက်ယနေ့နံနက်ပိုင်းတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့ကချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သောလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊လူမှုရေးဝန်ကြီးနှင့်ပြည်နယ်အတွင်းရေးမှူးတို့ထံထောက်ပံ့ငွေစုစုပေါင်းကျပ် (၂၃၆၆.၈၄)သိန်းကိုလွှဲပြောင်းပေးအပ်ခဲ့ပါသည်။        အဆိုပါထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများကိုပလက်ဝမြို့တွင်ရောက်ရှိနေသောချင်းပြည်နယ်အစိုးရအဖွဲ့ဝင်စည်ပင်သာယာရေး၊လျှပ်စစ်နှင့်စက်မှုဝန်ကြီးဦးစိုးထက်၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများကယနေ့နေ့လယ်ပိုင်းတွင်ပလက်ဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ကီမိုခန်းမ၌ပြည်သူများကိုထောက်ပံ့ပေးအပ်ခဲ့ပါသည်။        ယနေ့ထောက်ပံ့ငွေများမှာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကျပ်(၈၄၆.၆၁)သိန်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနကကျပ်(၈၃၉.၂)သိန်း၊ချင်းပြည်နယ်အစိုးရအဖွဲ့ကကျပ်သိန်း(၃၀၀)၊ချင်းပြည်နယ်အတွင်းရှိစေတနာရှင်ပြည်သူများနှင့်အဖွဲ့အစည်းများကကျပ်(၃၈၁.၀၄)သိန်းတို့ဖြစ်ကြောင်းသတင်းရရှိပါသည်။ Source: MSWRR #hl1 #chn_jul2019

  • ချောက်မြို့နယ်ဦးစီးမှူးရုံးမှ ရေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်၊ ချောက်မြို့ အမှတ်(၇)ရပ်ကွက်နှင့် အမှတ်(၈)ရပ်ကွက်တို့တွင် (၂၅-၇-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် လူနေအိမ်များ ရေနစ်မြုပ်ပြီး ပြောင်းရွှေ့အိမ်ထောင်စု (၁၆) စု၊ လူဦးရေ (၇၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၁၅၃,၃၀၀) ကျပ်အား (၂၇-၇-၂၀၁၉)ရက်နေ့ (၁၅၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ  သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၁၉)ရက်နေ့တွင် မိုးမိတ်မြို့နယ်၊ စင့်ကင်ကျေးရွာ၌ ပြည်ထူလူထုအင်အား (၈၀)ဦးအား သဘာဝဘေးနှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများကိုမျှဝေခြင်း လက်ကမ်းစာစောင် များ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) # ar # shn_ jul 2019

  • မင်းဘူးခရိုင်ဦးစီးမှူးရုံးနှင့် စလင်းမြို့နယ်ဦးစီးမှူးရုံးမှ ရေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးနှင့် စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျေးရွာ(၄)ရွာတွင် (၂၅-၇-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်အိမ်ထောင်စု (၂၇၇)စုမှ လူဦးရေ (၁၀၅၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ စုစုပေါင်းထောက်ပံ့ငွေ (၂,၂၁၃,၄၀၀)ကျပ်အား(၂၆-၇-၂၀၁၉)ရက်နေ့ (၁၆၄၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

  • ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ် အတွင်းရှိ (၂၄-၇-၂၀၁၉)ရက်နေ့တွင် ကျေးရွာအုပ်စု (၉)စု(ပကွဲရေလဲ၊ သက္ကယ်ကျွန်း၊ ပကွဲ၊ ကူးတို့ဆိပ်၊ ရေလဲ၊ သာဒုချောင်း၊ ညောင်ပင်သာ၊ ထုံးတပို၊ မရိုးခ)ရှိ ကျေးရွာခွဲ(၁၄)ရွာတို့ ၌လေဘေးဖြစ်ပွားမှုကြောင့် လုံးဝပြိုလဲပျက်စီးခဲ့သောအိမ်ခြေ(သစ်အိမ်-၁လုံး)(ဝါးအိမ်-၁၁လုံး)တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၁၆)လုံး စုစုပေါင်း အိမ်ခြေ(၂၈)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ ( ၁၈၂၀၀၀၀/-) ဘေးသင့်လူဦးရေ(၉၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ( ၂၀၃၇၀၀/-) စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ(၂၀၂၃၇၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၁၂)အိမ်ထောင်စာ တန်ဖိုးငွေ(၃၈၈၂၃၆/-)၊ တာပေါ်လင်စ (၁၂)ချပ် … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၁၉)ရက်နေ့(၁၁း၀၀)နာရီအချိန်တွင် လပွတ္တာမြို့၊ ဂန်းအိတ်ကျေးရွာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၃၅၀)ဦး တို့အား သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီးဘေးရှစ်မျိုး၏ လက်ကမ်းစာစောင်များဝေငှခြင်းနှင့် ကျောင်းအုပ်ဆရာမကြီးထံသို့ မုန်တိုင်းဗွီနှိုင်းပိုစတာကို ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) # ar # ayy_ jul 2019

Sign Up

Upcoming Events