လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ် အတွင်းရှိ (၂၄-၇-၂၀၁၉)ရက်နေ့တွင် ကျေးရွာအုပ်စု (၉)စု(ပကွဲရေလဲ၊ သက္ကယ်ကျွန်း၊ ပကွဲ၊ ကူးတို့ဆိပ်၊ ရေလဲ၊ သာဒုချောင်း၊ ညောင်ပင်သာ၊ ထုံးတပို၊ မရိုးခ)ရှိ ကျေးရွာခွဲ(၁၄)ရွာတို့ ၌လေဘေးဖြစ်ပွားမှုကြောင့် လုံးဝပြိုလဲပျက်စီးခဲ့သောအိမ်ခြေ(သစ်အိမ်-၁လုံး)(ဝါးအိမ်-၁၁လုံး)တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၁၆)လုံး စုစုပေါင်း အိမ်ခြေ(၂၈)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ ( ၁၈၂၀၀၀၀/-) ဘေးသင့်လူဦးရေ(၉၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ( ၂၀၃၇၀၀/-) စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ(၂၀၂၃၇၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၁၂)အိမ်ထောင်စာ တန်ဖိုးငွေ(၃၈၈၂၃၆/-)၊ တာပေါ်လင်စ (၁၂)ချပ် စုစုပေါင်းထောက်ပံ့မှုတန်ဖိုး (၂၄၁၁၉၃၆/-) ကိုလည်းကောင်း၊ (၂၅-၇-၂၀၁၉) ရက်နေ့တွင် ကျေးရွာအုပ်စု (၄)စု(ရေလဲ၊ အထွဋ်၊ ထုံးတပို၊မြစ်ဝ)ရှိ ကျေးရွာခွဲ(၄)ရွာတို့၌ လေဘေးဖြစ်ပွားမှုကြောင့် လုံးဝ ပြိုလဲပျက်စီးခဲ့သောအိမ်ခြေ (သစ်အိမ်-၁လုံး) (ဝါးအိမ်-၄လုံး) တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၆)လုံး စုစုပေါင်းအိမ်ခြေ(၁၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၇၂၀၀၀၀/-) ဘေးသင့်လူဦးရေ(၄၅)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ ( ၉၄၅၀၀/-)စုစုပေါင်း၊ ကယ်ဆယ်ရေးရန်ပုံငွေ( ၈၁၄၅၀၀/-) ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၅)အိမ် ထောင်စာတန်ဖိုးငွေ(၁၆၁၇၆၅/-)၊ တာပေါ်လင်စ(၅)ချပ်စုစုပေါင်းထောက်ပံ့မှုတန်ဖိုးငွေ(၉၇၆၂၆၅/-)တို့ကို (၂၆-၇-၂၀၁၉)ရက်နေ့တွင် ဇလွန်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ လေဘေးသင့် ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
# ha¬_sgw
# ayy_jul 2019
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)