ချင်းပြည်နယ်၊ပလက်ဝမြို့နယ်အတွင်းရှိတိုက်ပွဲရှောင်ပြည်သူများအားကူညီထောက်ပံ့မှုများဆောင်ရွက်မှုသတင်း

 

ဇူလိုင်၊၂၇၊စစ်တွေ

       ချင်းပြည်နယ်၊မင်းတပ်ခရိုင်၊ပလက်ဝမြို့နယ်အတွင်းရှိတိုက်ပွဲရှောင်ပြည်သူများ၊ရေဘေးသင့်ပြည်သူများအတွက်ဆန်ရိက္ခာနှင့်ဆီ၊ဆား၊ပဲများ၊မိုးကာလိပ်များစသည့်ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးရန်အတွက်ယနေ့နံနက်ပိုင်းတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့ကချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သောလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊လူမှုရေးဝန်ကြီးနှင့်ပြည်နယ်အတွင်းရေးမှူးတို့ထံထောက်ပံ့ငွေစုစုပေါင်းကျပ် (၂၃၆၆.၈၄)သိန်းကိုလွှဲပြောင်းပေးအပ်ခဲ့ပါသည်။

       အဆိုပါထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများကိုပလက်ဝမြို့တွင်ရောက်ရှိနေသောချင်းပြည်နယ်အစိုးရအဖွဲ့ဝင်စည်ပင်သာယာရေး၊လျှပ်စစ်နှင့်စက်မှုဝန်ကြီးဦးစိုးထက်၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများကယနေ့နေ့လယ်ပိုင်းတွင်ပလက်ဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ကီမိုခန်းမ၌ပြည်သူများကိုထောက်ပံ့ပေးအပ်ခဲ့ပါသည်။

       ယနေ့ထောက်ပံ့ငွေများမှာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကျပ်(၈၄၆.၆၁)သိန်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနကကျပ်(၈၃၉.၂)သိန်း၊ချင်းပြည်နယ်အစိုးရအဖွဲ့ကကျပ်သိန်း(၃၀၀)၊ချင်းပြည်နယ်အတွင်းရှိစေတနာရှင်ပြည်သူများနှင့်အဖွဲ့အစည်းများကကျပ်(၃၈၁.၀၄)သိန်းတို့ဖြစ်ကြောင်းသတင်းရရှိပါသည်။

Source: MSWRR

#hl1

#chn_jul2019

Sign Up

Upcoming Events