တိုင်းဒေသကြီး/ပြည်နယ်အချို့တွင်ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိမှုအခြေအနေနှင့်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကသက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိ

28 pic_01 28 pic_02 28 pic_03 28 pic_04 28 pic_05 28 pic_06 28 pic_07

၂၀၁၉ခုနှစ်၊ဇူလိုင်လအတွင်း၌တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ (၂၆-၇-၂၀၁၉)နေ့အခြေအနေအရ-

  • စစ်ကိုင်းတိုင်းဒေသကြီးကသာ၊ထီးချိုင့်၊ကန့်ဘလူ၊ ခင်ဉီး၊ စစ်ကိုင်း၊ ကျောက်မြောင်းမြို့နယ်များ၌အိမ်ထောင်စု(၃၁၀၀)ခန့်၊လူဦးရေ(၁၃၀၀၀)ကျော်၊ မန္တလေးတိုင်းဒေသကြီး၌သပိတ်ကျင်း၊စဉ့်ကူး၊ စဉ့်ကိုင်၊ တံတားဉီး၊တောင်သာ၊ မြင်းခြံမြို့နယ်များတွင်အိမ်ထောင်စု(၅၅၀၀)ကျော်၊လူဦးရေ(၂၃၀၀၀)ကျော်၊ မကွေးတိုင်းဒေသကြီး၌ချောက်၊ ရေနံချောင်း၊ မကွေး၊ ကံမ၊ မင်းဘူး၊ စလင်းမြို့နယ်တို့၌အိမ်ထောင်စု(၆၇၀)ကျော်၊လူဦးရေ(၂၅၀၀)ကျော်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ အိမ်ထောင်စု(၁၈)စု၊လူဦးရေ(၈၃)ဦးတို့ယာယီရေဘေးရှောင်နေရာများ၌ပြောင်းရွှေ့နေထိုင်လျက်ရှိပါသည်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏လမ်းညွှန်မှုဖြင့်တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့်ပူးပေါင်းကာကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊ ဆန်ရိက္ခာဖိုး၊အိမ်ဆောက်ပစ္စည်းဖိုးငွေများအပါအဝင် စုစုပေါင်းကျပ်(၂၀၉၃)သိန်းကျော်ထောက်ပံ့ပြီးဖြစ်ကြောင်းနှင့်ထောက်ပံ့မှုများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

ပြည်သူများအနေဖြင့်လည်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသတင်းထုတ်ပြန်ချက်များ၊ပညာရှင်များ၏သုံးသပ်အကြံပြုချက်များကိုအလေးထားဂရုပြုလိုက်နာရန်နှင့်အကူအညီလိုအပ်ပါကဒေသအလိုက်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးများသို့ဖြစ်စေ၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်) Hot Line နံပါတ်များဖြစ်သော၀၆၇-၃၄၀၄၆၆၆၊၀၆၇-၃၄၀၄၇၇၇သို့ဖြစ်စေအကူအညီတောင်းခံနိုင်ကြောင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး

ဝန်ကြီးဌာနမှနှိုးဆော်ထားပါသည်။

Sign Up

Upcoming Events