ချောက်မြို့နယ်ဦးစီးမှူးရုံးမှ ရေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်၊ ချောက်မြို့ အမှတ်(၇)ရပ်ကွက်နှင့် အမှတ်(၈)ရပ်ကွက်တို့တွင် (၂၅-၇-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် လူနေအိမ်များ ရေနစ်မြုပ်ပြီး ပြောင်းရွှေ့အိမ်ထောင်စု (၁၆) စု၊ လူဦးရေ (၇၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၁၅၃,၃၀၀) ကျပ်အား (၂၇-၇-၂၀၁၉)ရက်နေ့ (၁၅၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ  သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events