Author Archives: Department of Disaster Management

  • ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉)ရက်နေ့ တနသာၤရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကြက်လွတ်ကျေးရွာ၊ ကျောက်ဝပ်ပြင်ကျေးရွာနှင့် ထောင့်နန်းကျေးရွာ တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျ ချောင်းရေကြောင့် ကယ်ဆယ်ရေးစခန်း(၃)ခုသို့ ပြောင်းရွေ့ခဲ့သည့် ရေဘေးသင့်အိမ်ထောင်စု(၁၁၆)စု၊ လူဦးရေ(၅၃၄)ဦး အတွက် ဆန်အိတ်(၃၉အိတ်၊တန်ဘိုး ၁၁၂၁၄၀၀/-)အား (၁၁-၈-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #tny_aug 2019 Source;  တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • မြေပြိုဘေးနှင့်ရေဘေးထောက်ပံ့ပေးအပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉)ရက်နေ့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် မြေပြိုဘေးနှင့် ရေဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၃)လုံး၊ တစိတ်တပိုင်းပျက်စီးနေအိမ်(၄)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၇)စုမှ လူဦးရေ(၂၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၀၉၀၀/-)ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ(၇၆၀၉၀၀/-)ကျပ်နှင့် လုံးဝပျက်စီးနေအိမ်(၃)လုံးအတွက်ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၃)အိမ်ထောင်စာကို (၁၃-၈-၂၀၁၉)ရက်နေ့ ညနေ (၅) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source;  တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_lsd #ha_fld #tny_aug 2019

  • မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ (ပုလဲအောင်မြေ၊ နဒီအောင်မြေ၊ သီရိဟေမာ)ရပ်ကွက်နှင့် တုံးလှဲချောင်းကျေးရွာအုပ်စု၊ သစ်ဖြူချောင်းကျေးရွာ၊ ငုတောကျေးရွာတို့၌ (၇-၈-၂၀၁၉)ရက်နေ့နှင့် (၁၁-၈-၂၀၁၉)ရက်နေ့တို့တွင်ဖြစ်ပွားခဲ့သော လေဘေးတွင်ပြိုကျနေအိမ်   (၄) လုံးအတွက်၊ ကယ်ဆယ်ရေးပစ္စည်း   (၁၆)မျိုး (၄ အိမ်ထောင်စုစာ)၊ အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၄၀၀,၀၀၀)ကျပ်၊ အမိုးလန်ပျက်စီးနေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၇၆,၀၀၀)ကျပ်၊ စုစုပေါင်းလူဦးရေ ( ၂၂ )ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ (၄၆,၂၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၂၂,၂၀၀)ကျပ် အား … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြ မြို့နယ်၊ ရန်မနိုင်ကျေးရွာအုပ်စု၊ မှန်ဂူချောင်းကျေးရွာတွင် (၇-၈-၂၀၁၉) ရက်နေ့၊ (၂၃း၀၀)နာရီအချိန်၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးနှင့် မိသားစုဝင်(၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာရန်ပုံငွေ (၈၄၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စာ (၃၇၃၅၃/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၄၅၇၅၃/-)ကျပ်အား (၁၄-၅-၂၀၁၉)ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_aug 2019 Source;  မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ကန်ချောင်ကျေးရွာအုပ်စု၊ ကြံတော ကျေးရွာ၌ (၈-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျ/ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၃) ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁)အိမ်ထောင်စုစာ တို့ကို (၁၃-၈-၂၀၁၉)ရက်နေ့၊ (၁၆း၀၀) နာရီအချိန်တွင် တာဝန်ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉)ရက် နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာနှင့် ကျုံကကျေးရွာတို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး၊ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်း (၁)ကျောင်း အတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀၀/-)ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၀၀,၀၀၀/-)ကျပ်အား (၁၃-၈-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source; သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mon_aug 2019

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကက္ကူကြီးကျေးရွာအုပ်စု၊ ကက္ကူကြီး (တောင်)ကျေးရွာနှင့် ကွင်းချောင်းကျေးရွာအုပ်စု၊ မကျီးတော ကျေးရွာတို့၌ (၇-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ အမိုးလန်ပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၁,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စုစာ တို့ကို … Read more

  • ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉)ရက် နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး၊ ရေဝင်ရောက်မှုကြောင့် ယာယီကယ်ဆယ်ရေးစခန်း(၉)ခုသို့ ထပ်မံပြောင်းရွေ့ခဲ့ရသည့် အိမ်ခြေ(၂၀၁)လုံး၊ အိမ်ထောင်စု(၂၀၁)စုမှ လူဦးရေ(၉၃၀)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၉၅,၃၀၀၀/-)ကျပ်အား (၁၃-၈-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source; သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #mon_aug 2019

  • မြေပြိုမှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉)ရက် နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မိုးနိုင်းရပ်ကွက်နှင့် မုကျိကျေးရွာတို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး၊ မြေပြိုမှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၅)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၂၇)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၅၆,၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၇၅၆,၇၀၀/-)ကျပ်အား (၁၃-၈-၂၀၁၉) ရက်နေ့တွင်ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_lsd #mon_aug 2019 Source; သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events