မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ (ပုလဲအောင်မြေ၊ နဒီအောင်မြေ၊ သီရိဟေမာ)ရပ်ကွက်နှင့် တုံးလှဲချောင်းကျေးရွာအုပ်စု၊ သစ်ဖြူချောင်းကျေးရွာ၊ ငုတောကျေးရွာတို့၌ (၇-၈-၂၀၁၉)ရက်နေ့နှင့် (၁၁-၈-၂၀၁၉)ရက်နေ့တို့တွင်ဖြစ်ပွားခဲ့သော လေဘေးတွင်ပြိုကျနေအိမ်   (၄) လုံးအတွက်၊ ကယ်ဆယ်ရေးပစ္စည်း   (၁၆)မျိုး (၄ အိမ်ထောင်စုစာ)၊ အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၄၀၀,၀၀၀)ကျပ်၊ အမိုးလန်ပျက်စီးနေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၇၆,၀၀၀)ကျပ်၊ စုစုပေါင်းလူဦးရေ ( ၂၂ )ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ (၄၆,၂၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၂၂,၂၀၀)ကျပ် အား (၁၄-၈-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events