လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉)ရက် နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မိုးနိုင်းရပ်ကွက်နှင့် မုကျိကျေးရွာတို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး၊ မြေပြိုမှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၅)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၂၇)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၅၆,၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၇၅၆,၇၀၀/-)ကျပ်အား (၁၃-၈-၂၀၁၉) ရက်နေ့တွင်ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_lsd
#mon_aug 2019
Source; သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)