လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉)ရက်နေ့ တနသာၤရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကြက်လွတ်ကျေးရွာ၊ ကျောက်ဝပ်ပြင်ကျေးရွာနှင့် ထောင့်နန်းကျေးရွာ တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျ ချောင်းရေကြောင့် ကယ်ဆယ်ရေးစခန်း(၃)ခုသို့ ပြောင်းရွေ့ခဲ့သည့် ရေဘေးသင့်အိမ်ထောင်စု(၁၁၆)စု၊ လူဦးရေ(၅၃၄)ဦး အတွက် ဆန်အိတ်(၃၉အိတ်၊တန်ဘိုး ၁၁၂၁၄၀၀/-)အား (၁၁-၈-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#tny_aug 2019
Source; တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)