လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

14_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကက္ကူကြီးကျေးရွာအုပ်စု၊ ကက္ကူကြီး (တောင်)ကျေးရွာနှင့် ကွင်းချောင်းကျေးရွာအုပ်စု၊ မကျီးတော ကျေးရွာတို့၌ (၇-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ အမိုးလန်ပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၁,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စုစာ တို့ကို (၁၃-၈-၂၀၁၉)ရက်နေ့၊ (၁၄း၃၀) အချိန်တွင် မြန်မာ့နိုင်ငံကြက်ခြေနီအသင်း (ငါးသိုင်းချောင်းမြို့ခွဲ)နှင့်အတူ တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ayy_aug2019

Source:           ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

 

 

Sign Up

Upcoming Events