လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉)ရက်နေ့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် မြေပြိုဘေးနှင့် ရေဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၃)လုံး၊ တစိတ်တပိုင်းပျက်စီးနေအိမ်(၄)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၇)စုမှ လူဦးရေ(၂၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၀၉၀၀/-)ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ(၇၆၀၉၀၀/-)ကျပ်နှင့် လုံးဝပျက်စီးနေအိမ်(၃)လုံးအတွက်ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၃)အိမ်ထောင်စာကို (၁၃-၈-၂၀၁၉)ရက်နေ့ ညနေ (၅) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source; တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_lsd
#ha_fld
#tny_aug 2019