Author Archives: Department of Disaster Management
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းဘူးခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာတွင် (၂၅-၉-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀/-)ကျပ်၊ လူဉီးရေ(၁၅)ဉီးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၃၁,၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၃၁,၅၀၀/-)ကျပ်အား (၂-၁၀-၂၀၁၉) ရက်နေ့ (၁၀:၄၀) အချိန်တွင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ တာဝန်ရှိသူများထံသို့ သွားရောက်လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_oct2019 Source: မင်းဘူးခရိုင်ဉီးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းဘူးခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်၊ ရွာမရပ်တွင် (၂၄-၉-၂၀၁၉ )ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင် အမိုးလန်နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၅၀,၀၀၀/-)ကျပ်၊ လူဉီးရေ(၅)ဉီးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၀,၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၆၀,၅၀၀/-)ကျပ်အား (၂-၁၀-၂၀၁၉)ရက်နေ့ (၁၁:၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ တာဝန်ရှိသူများထံသို့ သွားရောက်လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_oct2019 Source: မင်းဘူးခရိုင်ဉီးစီးမှူးရုံး (ဘစမ)
-
အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာကူညီမှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ကျင်းပပြုလုပ်မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် (၃၅) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး၏ တတိယမြောက်နေ့အဖြစ် ယနေ့နံနက် (၉:၀၀) နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်ရာ အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ (ACDM) ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်၊ ပူးတွဲဥက္ကဋ္ဌ ဖြစ်သူ Mr. Kistoffer James E. Purisima, Assistant Secretary/ Deputy Administrator for Administration, Philippines တို့ကဆောင်ရွက်ခဲ့ကြပါသည်။ တတိယမြောက်နေ့တွင် … Read more
-
သစ်ပင်ပြိုကျမှုကြောင့်ဘေးသင့်ကျောင်းဆောင်အတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ချောက်မြို့နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ အေးရပ်တွင် (၂၅-၉-၂၀၁၉) ရက်နေ့၌ သက်တမ်းရင့်မန်ကျဉ်းပင်ပြိုလဲရာမှ စလေတိုက်သစ်စာသင်တိုက် ဘုန်းတော်ကြီးကျောင်း (၂)ထပ်ကျောင်းဆောင် အမိုး(၁၀)ချပ်ခန့် ပျက်စီးခဲ့သည့်အတွက် ကျောင်းဆောက်ပစ္စည်းဖိုး ငွေကျပ်(၁၀၀၀၀၀/-)ကို (၂-၁၀-၂၀၁၉) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးတို့နှင့်အတူ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #mgy_oct2019 Source: ချောက်မြို့နယ်ဉီးစီးမှုးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၀-၂၀၁၉)ရက်နေ့၊ (၀၅း၃၀)နာရီခန့်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၃၆,၀၀၀/-)ကျပ်၊ လူဦးရေ(၂၁)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ (၄၄,၁၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၂၈၀,၁၀၀/-)ကျပ်အား (၂-၁၀-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mon_ oct 2019
-
ကိုရီးယားသမ္မတနိုင်ငံသို့ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌနှင့် ကျား/မ တန်းတူညီမျှရေးနှင့် မိသားစုဆိုင်ရာဝန်ကြီးဌာန ဝန်ကြီးတို့ကို သီးခြားစီတွေ့ဆုံ
ကိုရီးယားသမ္မတနိုင်ငံသို့ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌနှင့် ကျား/မ တန်းတူညီမျှရေးနှင့် မိသားစု ဆိုင်ရာဝန်ကြီးဌာနဝန်ကြီးတို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပါသည်။ ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌ Ms. Young . Ae Choi နှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုနှင့် အစိုးရသစ်၏ရည်မှန်းချက်များ၊ လူ့အခွင့်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံက ဆောင်ရွက်ချက်များ၊ သက်ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းများဖြစ်သည့် CRC ၊ CEDAW ၊ CRPD နှင့် ICESCR တို့ကို လက်မှတ်ရေးထိုး၍ အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုများ၊ Optional Protocol to … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ချောက်မြို့နယ်၊ အုံမြားကြီးရွာသစ်၌ (၃၀-၉-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ ငွေ(၁၀၀၀၀/-)၊ ဘေးသင့်လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၀၅၀၀/-)နှင့် ကယ်ဆယ်ပစ္စည်း (၁၆)မျိုးတို့ကို (၂-၁၀-၂၀၁၉)ရက်နေ့တွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီနှင့် ပူးပေါင်း၍ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #mgy_ oct 2019
-
School Cum Shelter တည်ဆောက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စု၊ ကွင်းဘောက် ကျေးရွာ၌ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေဖြင့်တည်ဆောက်လျှက်ရှိသော School Cum Shelter တည်ဆောက်ခြင်း (၅၀%)တည်ဆောက်ပြီးစီးမှုအခြေအနေကို လပွတ္တာမြို့နယ် မြို့နယ်လုပ်ငန်းကြီးကြပ်ရေး အဖွဲ့ဝင်များနှင့်အတူ (၂-၁၀-၂၀၁၉)ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_oct2019 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
အာဆီယံအပေါင်း(၃)အစည်းအဝေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (AHA Centre) ၏ အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးနှင့် အခြားဆက်စပ်အစည်းအဝေးများ ကျင်းပပြုလုပ်မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် (၃၅) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးအား ဒုတိယမြောက်နေ့အဖြစ် ယနေ့နံနက် (၉:၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပပြုလုပ်ရာ အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (ACDM)၏ အလှည့်ကျဥက္ကဋ္ဌအဖြစ်၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကိုကိုနိုင်ကလည်းကောင်း၊ ပူးတွဲဥက္ကဋ္ဌဖြစ်သူ Mr. Kistoffer James E. Purisima, Assistant Secretary/ Deputy Administrator for Administration, Philippines တို့ကလည်းကောင်း ဆောင်ရွက်ခဲ့ကြပါသည်။ အစည်းအဝေးနံနက်ပိုင်းတွင် … Read more
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရခိုင်ပြည်နယ်ဉီးစီးမှူးရုံးနှင့် ဘူးသီးတောင်မြို့နယ်ဉီးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့၊ မြို့မရပ်ကွက်၊ လမ်းမဘုန်းတော်ကြီး ကျောင်းသို့ ယာယီခိုလှုံနေထိုင်ရန် ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၄၅)စု၊ လူဦးရေ (၁၇၉)ဦးအတွက် ဆန်ရိက္ခာ (၁၄)ရက်စာ၊ ဆန် (၂၆)အိတ်၊ (၂)ပြည်၊ (၄) ဘူးတို့ကို ဘူးသီးတောင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၂-၁၀-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_oct2019 Source: ရခိုင်ပြည်နယ်ဉီးစီးမှူးရုံး (ဘစမ)
