Author Archives: Department of Disaster Management

  • မီးဘေးနှင့်လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောက်တိုဘာလ (၅) ရက်၊ (၁၇) ရက်နှင့် (၂၁) ရက်နေ့များ၌ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက် မြို့နယ်၊ ရှားပင်ထကျေးရွာအုပ်စု၊ ရှားပင်ထကျေးရွာနှင့် ရပ်ကွက် (၂) ရပ်ကွက်တို့တွင် ဖြစ်ပွား ခဲ့သော မီးဘေးနှင့်လေဘေးတို့မှ မီးဘေးသင့်ပျက်စီးနေအိမ် (၁) လုံး၊ လေဘေးသင့်ပြိုလဲနေအိမ် (၂) လုံးတို့အတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ  (၄၀၀၀၀၀/-) ကျပ်၊ စုစုပေါင်း ပြိုလဲပျက်စီး နေအိမ် (၃) လုံးနှင့် လေဘေးသင့်အမိုးလန်နေအိမ် (၁၃) လုံးတို့ရှိလူဦးရေ … Read more

  • မိုးကြိုးဘေးသင့်ပြည်သူအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နတ်မောက်မြို့နယ်၊ သစ်လှကျင်းကျေးရွာအုပ်စု၊ သစ်လှကျင်းကေျးရွာ၌ (၂၁-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် ဘေးသင့် သေဆုံးသူ (၁)ဦး၏ မိသားစုဝင်များထံသို့ သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်ကို (၂၄-၁၀-၂၀၁၉) ရက်နေ့တွင် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #mgy_oct2019 Source:           နတ်မောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)  

  • အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၀-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြို့နယ် ကျုံတာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ မိုးကြိုးဘေးတို့နှင့်စပ်လျဉ်း၍ အသိပညာပေး ဗီဒီယိုများပြသခဲ့ပြီး ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၄၅၀)ဦးတက်ရောက်ခဲ့ကာ တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_oct2019 Source:           ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၀-၂၀၁၉) ရက်နေ့တွင် မိုးညိုမြို့နယ်၊ ရေကင်းကျေးရွာအုပ်စု၊ မင်းကြီးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိ၍အမိုးလန်နေအိမ် (၁) လုံးရှိ ဘေးသင့်လူဦးရေ (၃) ဦးအတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀ဝ/-) ကျပ်အား (၂၃-၁၀-၂၀၁၉) ရက်နေ့ (၁ဝး၀၀) နာရီအချိန်တွင် ရေကင်းကျေးရွာအုပ်ချုပ်ရေး မှူးရုံးအစည်းအဝေးခန်းမ၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ် ရေးမှူး၊ တာဝန်ရှိသူများနှင့်အတူဘေးသင့်ပြည်သူများ၏ လက်၀ယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_oct2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မိုးကြိုးဘေးနှင့်လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အောက်တိုဘာလ (၈) ရက်၊ (၉) ရက်၊ (၁၅) ရက်နှင့် (၁၆) ရက်နေ့များ၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်း မြို့နယ်၊ ကျေးရွာအုပ်စု (၇) စု၊ ကျေးရွာ (၁၂) ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးမှ မိုးကြိုးထိမှန်သေဆုံးသူ (၁) ဦး အတွက်ထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်၊ ဒဏ်ရာရလူနာ (၁) ဦးအတွက်ထောက်ပံ့ငွေ (၅၀၀၀ဝ/-) ကျပ် နှင့်လေဘေးသင့်ပြိုလဲနေအိမ် (၁၆) လုံးတို့အတွက် … Read more

  • အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ အ.ထ.က(ခွဲ) (ခဲမဖြူ)ကျောင်း၌ (၂၃-၁၀-၂၀၁၉) ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူ (၁၀၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက် လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_oct2019 Source:           ဘောလခဲခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့၊ ရပ်ကွက်(၄)၌ (၆-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ထောင်(၁)စုရှိ လူဦးရေ(၅)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်နှင့် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၁၀,၅၀ဝ/-) ကျပ်တို့ကို (၂၃-၁၀-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်းသတင်းရရှိပါသည်။ #ha_fir #kcn_oct2019 Source:           မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • တိုက်ပွဲရှောင်အိမ်ထောင်စုများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့သို့ရောက်ရှိလာသည့် နာရီကန်ကျေးရွာမှ တိုက်ပွဲရှောင် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅)ဦးတို့အတွက်လည်းကောင်း၊ အောင်မင်္ဂလာရပ်ကွက်မှတိုက်ပွဲရှောင် အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၂)ဦးတို့အတွက်လည်းကောင်း၊ ပုဏ္ဏကျွန်းမြို့နယ်သို့ရောက်ရှိလာသည့် အထက်မြတ်လှဲကျေးရွာမှ တိုက်ပွဲရှောင် အိမ်ထောင်စု(၁၅၅)စု၊ လူဦးရေ(၇၂၁)ဦးတို့အတွက်လည်းကောင်း၊ ကွမ်းတောင်ကျေးရွာမှ အိမ်ထောင်စု(၇)စု၊ လူဦးရေ(၃၅)ဦးတို့အတွက်လည်းကောင်း၊  ပေါက်တောမြို့နယ်သို့ ရောက်ရှိလာသည့် ဂန်းကျားအုပ်စု၊ နဂွေဘုန်းကြီးကျောင်းမှ တိုက်ပွဲရှောင် အိမ်ထောင်စု(၆)စု၊ လူဦးရေ(၃၀)ဦးတို့အတွက်လည်းကောင်း၊ အနောက်ပိုင်းရပ်ကွက်၊ ဝိပုလ္လရာမဘုန်းကြီးကျောင်းမှ တိုက်ပွဲရှောင် အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၂)ဦးတို့အတွက်လည်းကောင်း၊ ဘဝမ်းချောင်းဝစုရပ်ကွက်၊ ဘုန်းကြီးကျောင်းမှ တိုက်ပွဲရှောင် အိမ်ထောင်စု(၃၄)စု၊ လူဦးရေ(၁၁၂)ဦးတို့အတွက်လည်းကောင်း၊ … Read more

  • လေဖိအားနည်းရပ်ဝန်းအခြေအန

    (၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) +++++++++++++++++++++++ “ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ကမ်းခြေတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။”

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် (၁၄-၁၀-၂၀၁၉) ရက်နေ့ ၌ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ရင်းတိုက်ကုန်းကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ် (၁) လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀) ကျပ်၊ ပြိုလဲနေအိမ်(၁) လုံးနှင့်အမိုးလန်နေအိမ် (၂) လုံးတို့ရှိ လူဦးရေ (၁၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၃၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၃၃၆၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (ပလပ်စတစ်ပုံးအပါ) (၁)အိမ်ထောင်စာအား(၂၃-၁၀-၂၀၁၉) ရက်နေ့(၁၁:၃၀) နာရီအချိန်တွင် ကျောက်တံခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတာ၀န်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်၀ယ်အရောက် … Read more

Sign Up

Upcoming Events