လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့သို့ရောက်ရှိလာသည့် နာရီကန်ကျေးရွာမှ တိုက်ပွဲရှောင် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅)ဦးတို့အတွက်လည်းကောင်း၊ အောင်မင်္ဂလာရပ်ကွက်မှတိုက်ပွဲရှောင် အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၂)ဦးတို့အတွက်လည်းကောင်း၊ ပုဏ္ဏကျွန်းမြို့နယ်သို့ရောက်ရှိလာသည့် အထက်မြတ်လှဲကျေးရွာမှ တိုက်ပွဲရှောင် အိမ်ထောင်စု(၁၅၅)စု၊ လူဦးရေ(၇၂၁)ဦးတို့အတွက်လည်းကောင်း၊ ကွမ်းတောင်ကျေးရွာမှ အိမ်ထောင်စု(၇)စု၊ လူဦးရေ(၃၅)ဦးတို့အတွက်လည်းကောင်း၊ ပေါက်တောမြို့နယ်သို့ ရောက်ရှိလာသည့် ဂန်းကျားအုပ်စု၊ နဂွေဘုန်းကြီးကျောင်းမှ တိုက်ပွဲရှောင် အိမ်ထောင်စု(၆)စု၊ လူဦးရေ(၃၀)ဦးတို့အတွက်လည်းကောင်း၊ အနောက်ပိုင်းရပ်ကွက်၊ ဝိပုလ္လရာမဘုန်းကြီးကျောင်းမှ တိုက်ပွဲရှောင် အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၂)ဦးတို့အတွက်လည်းကောင်း၊ ဘဝမ်းချောင်းဝစုရပ်ကွက်၊ ဘုန်းကြီးကျောင်းမှ တိုက်ပွဲရှောင် အိမ်ထောင်စု(၃၄)စု၊ လူဦးရေ(၁၁၂)ဦးတို့အတွက်လည်းကောင်း၊ ကန်ချောင်းကျေးရွာ၊ ဘုန်းကြီးကျောင်းမှ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၅)ဦးတို့အတွက်လည်းကောင်း ဆန်ရိက္ခာ(၁)လစာ ဆန်(၂၉၇)အိတ်၊ (၁၂)ပြည်ကို (၂၃-၁၀-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_otr
#rke_oct2019
Source: စစ်တွေခရိုင်ဦးစီးမှူးရုံး(ဘစမ)