လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၀-၂၀၁၉) ရက်နေ့တွင် မိုးညိုမြို့နယ်၊ ရေကင်းကျေးရွာအုပ်စု၊ မင်းကြီးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိ၍အမိုးလန်နေအိမ် (၁) လုံးရှိ ဘေးသင့်လူဦးရေ (၃) ဦးအတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀ဝ/-) ကျပ်အား (၂၃-၁၀-၂၀၁၉) ရက်နေ့ (၁ဝး၀၀) နာရီအချိန်တွင် ရေကင်းကျေးရွာအုပ်ချုပ်ရေး မှူးရုံးအစည်းအဝေးခန်းမ၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ် ရေးမှူး၊ တာဝန်ရှိသူများနှင့်အတူဘေးသင့်ပြည်သူများ၏ လက်၀ယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_oct2019
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)