လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အောက်တိုဘာလ (၈) ရက်၊ (၉) ရက်၊ (၁၅) ရက်နှင့် (၁၆) ရက်နေ့များ၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်း မြို့နယ်၊ ကျေးရွာအုပ်စု (၇) စု၊ ကျေးရွာ (၁၂) ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးမှ မိုးကြိုးထိမှန်သေဆုံးသူ (၁) ဦး အတွက်ထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်၊ ဒဏ်ရာရလူနာ (၁) ဦးအတွက်ထောက်ပံ့ငွေ (၅၀၀၀ဝ/-) ကျပ် နှင့်လေဘေးသင့်ပြိုလဲနေအိမ် (၁၆) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၇၀၀၀၀ဝ/-) ကျပ်၊ ပြိုလဲနေအိမ် (၁၆) လုံးနှင့် အမိုးလန် နေအိမ် (၃၇) လုံးတို့ရှိ လူဦးရေ (၂၁၂) ဦးတို့အတွက် ဆန်ရိက္ခာ (၇) စာဖိုးထောက်ပံ့ငွေ (၄၄၅၂၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၄၉၅၂၀ဝ/-) ကျပ် နှင့်ပြိုလဲနေအိမ် (၁၆) လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၆) မျိုးပါ (၁၆) အိမ်ထောင်စာတို့အား (၂၃-၁၀-၂၀၁၉) ရက်နေ့နံနက် (၁၁:၃၀) အချိန်တွင် ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လက်ပံတန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပြည်သူများလက် ဝယ်ထံသို့သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_tls
#ha_sgw
#bgo_oct2019
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)