Author Archives: Department of Disaster Management

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား (NRC- Norwegian Refugee Council) အထွေထွေ အတွင်းရေးမှူးချုပ်ဦးဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံ

    နိုဝင်ဘာ ၁၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား (NRC- Norwegian Refugee Council)၏ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်သူ Mr. Jan Laurits Egeland ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာ ခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် NRC အဖွဲ့အစည်းအနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ၂၀၁၆ခုနှစ်မှ စတင်၍ နားလည်မှုစာချွန်လွှာ ရေးထိုးဆောင်ရွက်ခဲ့ရာ မကြာသေးမီက အဆိုပါနားလည်မှုစာချွန်လွှာ အား ထပ်မံသက်တမ်းတိုး၍ လုပ်ငန်းများ … Read more

  • လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    (၃၁-၁၀-၂၀၁၉)ရက်နေ့ (၁၈:၀၀)အချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ အောင်မြင်သာကျးရွာအုပ်စု၊ ပေါက်တောကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသောအိမ်ခြေ (၆)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ (၁၆၂,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ(၂၄)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၅၀,၄၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၁၂,၄၀၀) ကျပ်တို့အား လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၁-၂၀၁၉) ရက်နေ့ (၁၃:၀၀) အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါ သည်။ #ha_sgw #npw_nov2019 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုက်လတ်မြို့နယ်၊ လေးအိမ်တန်းကျေးရွာ၊ ပွေလီကုန်း ကျေးရွာ၌ (၃၀-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျနေအိမ် (၃) လုံးနှင့် အမိုးလန်နေအိမ်(၄)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၁၂,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၂၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၀,၉၀၀/-)ကျပ်၊ ပြိုလဲနေအိမ်ရှိပြည်သူများအတွက် ကယ်ဆယ် ရေးပစ္စည်း(၁၆)မျိုး (၃)အိမ်ထောင်စုစာတို့ကို (၁-၁၁-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_nov2019 Source:           ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောက်တိုဘာ (၃၀) ရက်နေ့တွင် ဘိုကလေးမြို့၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ချောင်းဗြဲကြီးကျေးရွာတွင် ကမ်းပြိုဘေးဖြစ်ပွားခဲ့မှုကြောင့် ဘေးသင့်မျောပါပျက်စီးအိမ်ခြေ (၁) လုံး အတွက်အိမ် ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်၊ လူဦး‌ရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၄၂၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စုစာတို့ကို အောက်တိုဘာလ (၃၁) ရက်နေ့တွင်သွားရောက်ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_nov2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၀-၂၀၁၉) မှ (၂၂-၁၀-၂၀၁၉) ရက်နေ့အထိ ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်‎ရေတိုက်းစားမှု ‎ကြောင့် ငါးလန်ကျေးရွာအုပ်စု ငါးလန်ကျေးရွာ၊ နွယ်နီကျေးရွာအုပ်စု နွယ်နီကျွန်းကျေးရွာ၊ မိုးကွဲ‎ကျေးရွာအုပ်စု၊ ချင်းယား‎ကျေးရွာနှင့် ‎ကွေ့ထောင့်ကျေးရွာအုပ်စု ‎ကွေ့ထောင့်‎ကျေး ရွာတို့တွင် ကမ်းပြိုဘေးသင့်ဖြစ်ပွားခဲ့ရာ အိမ်‎‎ခြေ (၃၄) အိမ်၊ အိမ်ထောင်စု  (၃၉) စုမှ လူဦး‎ရေ (၁၆၃) ဦးတို့အတွက် အိမ်‎ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၄၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၄၂၃၀၀/-) ကျပ်တို့အား (၃၁-၁၀-၂၀၁၉)ရက်နေ့တွင် မြို့နယ်အ‎ထွေထွေအုပ်ချုပ်း‎ရေးဌာနအစည်းအဝေးခန်းမတွင် … Read more

  • တီးတိန်မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးဌာန၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများ ရှင်းလင်း ဆွေးနွေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တီးတိန်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁၀-၂၀၁၉) ရက်နေ့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာအုပ်စု စာရေးများ စုစုပေါင်း (၁၄၀) ဦးခန့်အား မိမိတို့ ဦးစီးဌာန၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများအပေါ် ကူည်ီကယ်ဆယ် ထောက်ပံ့ပေးမှုများအကြောင်းနှင့် အဘက်ဘက်မှ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးကြပါရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါ သည်။ #chn_nov2019     Source: တီးတိန်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြ ခရိုင်၊ ဝါးခယ်မမြို့နယ်၊ ထိတန်ကျေးရွာအုပ်စု၊ မကျီးတန်းကျေးရွာတွင် (၂၇-၁၀-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၆၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂၆၀၀/- ) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးတို့အား (၁-၁၁-၂၀၁၉)ရက်နေ့၊ (၁၀:၀၀) နာရီချိန်တွင် ဝါးခယ်မမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနား မြို့နယ်၊ စီတာပူရပ်ကွက်၊ ကောင်ရာနယ်မြေတွင် (၂၈-၁၀-၂၀၁၉) ရက်နေ့ဖြစ် ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ( ၁၀၀၀၀၀/-) ကျပ်၊ လူဦးရေ(၁၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၁၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၁၀၀၀/-) ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင် စု (၁) စုစာတို့အား (၃၁-၁၀-၂၀၁၉) … Read more

  • ထူးခြားမိုးလေဝသအခြေအနေသတင်း(အမှတ်စဉ်(၀၂/၂၀၁၉))

    (၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်၊ မြန်မာစံတော်ချိန် (၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) +++++++++++++++++++++++++++++++++++ ထူးခြားမိုးလေဝသအခြေအနေသတင်း အမှတ်စဉ်(၀၂/၂၀၁၉) +++++++++++++++++++++++++++++ (က) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်တိုင်းထွာချက်များအရ ကမ္ဘောဒီးယားနိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသော ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)သည် လေဖိအားနည်းရပ်ဝန်း (Low Pressure Area)အဖြစ် အားလျော့သွားခဲ့ပြီး၊ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက် ရှိပါသည်။ သတိပေးနှိုးဆော်ချက် ++++++++++++ (က) အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)၏ အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၄၈)နာရီအတွင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ … Read more

Sign Up

Upcoming Events