တီးတိန်မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးဌာန၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများ ရှင်းလင်း ဆွေးနွေးမှုသတင်း


1_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တီးတိန်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁၀-၂၀၁၉) ရက်နေ့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာအုပ်စု စာရေးများ စုစုပေါင်း (၁၄၀) ဦးခန့်အား မိမိတို့ ဦးစီးဌာန၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများအပေါ် ကူည်ီကယ်ဆယ် ထောက်ပံ့ပေးမှုများအကြောင်းနှင့် အဘက်ဘက်မှ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးကြပါရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါ သည်။
#chn_nov2019
 
 
Source: တီးတိန်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events