(၃၁-၁၀-၂၀၁၉)ရက်နေ့ (၁၈:၀၀)အချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ အောင်မြင်သာကျးရွာအုပ်စု၊ ပေါက်တောကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသောအိမ်ခြေ (၆)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ (၁၆၂,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ(၂၄)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၅၀,၄၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၁၂,၄၀၀) ကျပ်တို့အား လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၁-၂၀၁၉) ရက်နေ့ (၁၃:၀၀) အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါ သည်။
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)