
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ဒိန်းမတ်လူမူရေးအဖွဲ့အစည်း (DRC/DDG) တို့ပူးပေါင်း၍ ကချင် ပြည်နယ်အတွင်း ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းနှင့် ဈေးကွက်စီးပွားရေးစနစ်တွင် ပါဝင်နိုင် စေရန်အတွက် ကိုယ်ထူကိုယ်ထ စီးပွားရေးလုပ်ငန်းများအားပံ့ပိုး ခြင်းအစီအစဉ်အား ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့တော်ခန်းမ၌ (၁-၁၁-၂၀၁၉) ရက်နေ့တွင်၊ ဗန်းမော်ခရိုင် ဒု-ခရိုင်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာ စကားပြောကြားခြင်း၊ ကချင်ပြည်နယ်ဘေးအန္တရာယ်ဆိုင် ရီာမံခန့်ခွဲမှုးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီ မာမှ အမှာစကားပြောကြားခြင်း၊ ဒိန်းမတ်လူမူရေးအဖွဲ့အစည်း (DRC/DDG) ၏ တာဝန်ခံကိုကိုယ်စားလှယ်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်းနှင့် ဒိန်းမတ်လူမူရေးအဖွဲ့အစည်း (DRC/ DDG) ၏ ပံ့ပိုးငွေ ဖြင့် လက်မှုလုပ်ငန်း လုပ်ကိုင်သူ အမျိုးသားတစ်ဦး/အမျိုးသမီးတစ်ဦးမှ လုပ်ငန်း အကြောင်း ရှင်းလင်းတင်ပြတို့ကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)