လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား (NRC- Norwegian Refugee Council)၏ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်သူ Mr. Jan Laurits Egeland ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာ ခန်းမ၌ လာရောက်တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် NRC အဖွဲ့အစည်းအနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ၂၀၁၆ခုနှစ်မှ စတင်၍ နားလည်မှုစာချွန်လွှာ ရေးထိုးဆောင်ရွက်ခဲ့ရာ မကြာသေးမီက အဆိုပါနားလည်မှုစာချွန်လွှာ အား ထပ်မံသက်တမ်းတိုး၍ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ ဝန်ကြီးဌာန အနေဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ IDP စခန်းများ ပိတ်သိမ်းရေးနှင့် ပြန်လည်နေရာချထားရေးဆောင်ရွက်နေမှု အခြေအနေများ၊ IDP စခန်းများ ပိတ်သိမ်းရေးနှင့် ပြန်လည်နေရာချထားရေးအတွက် အမျိုးသားအဆင့်မဟာဗျူဟာအား ရေးဆွဲ အတည်ပြုခဲ့ပြီးနောက် ရှေ့ဆက်ဆောင်ရွက်မည့်အခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိ နေသော နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအပါအဝင် ပြည်တွင်းရှိ နေရပ်စွန့်ခွာသူများ အတွက် ရေရှည်ဖြေရှင်းနိုင်မည့် အဖြေရှာဖွေရေး၊ လူမှုသဟဇာတမျှတရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။