လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုက်လတ်မြို့နယ်၊ လေးအိမ်တန်းကျေးရွာ၊ ပွေလီကုန်း ကျေးရွာ၌ (၃၀-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျနေအိမ် (၃) လုံးနှင့် အမိုးလန်နေအိမ်(၄)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၁၂,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၂၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၀,၉၀၀/-)ကျပ်၊ ပြိုလဲနေအိမ်ရှိပြည်သူများအတွက် ကယ်ဆယ် ရေးပစ္စည်း(၁၆)မျိုး (၃)အိမ်ထောင်စုစာတို့ကို (၁-၁၁-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_nov2019
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)