Author Archives: Department of Disaster Management

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ငါးလန်ကျေးရွာအုပ်စု၊ ငါးလန်ကျေးရွာ၌ (၁၅-၁၁-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်‎ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ဘေးသင့်အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၄) စုမှ လူဦး‎ရေ (၁၇) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူတို့အတွက် အိမ်‎ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၅,၇၀၀/-) ကျပ်တို့ကို (၁၈-၁၁-၂၀၁၉) ရက်နေ့တွင် ရေစကြိုမြို့နယ် အ‎ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ငါးလန်ကျေးရွာအုပ်ချုပ် ရေးမှူးထံသို့ ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_rbe #mgy_nov2019 Source:           … Read more

  • သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူး (စကု) မြို့နယ်၊ ရေပုတ်ကျေးရွာတွင် (၁၈-၁၁-၂၀၁၉) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ လူဦးရေ (၈၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #mgy_nov2019 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • အသိပညာပေးဟောပြောပွဲနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်နေမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊  စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ( ၁၈-၁၁-၂၀၁၉ ) ရက်နေ့တွင် အဖွဲ့ (၇) ဖွဲ့ခွဲ၍  (၀၉:၃၀) နာရီ အချိန်မှ (၁၂:၃၀) နာရီအချိန်ထိ မုံရွာမြို့ အ.ထ.က (၆) စာသင်ကျောင်း၌ ကျောင်းသား/သူဦးရေ  (၁၀၀၀) အား ငလျင်ဘေး အန္တရာယ်ဆိုင်ရာ  အသိပညာပေးဟောပြောပွဲနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ပြုလုပ်ပြီး ငလျင်နှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ၊ ပိုစတာများ၊ ငလျင်စာအုပ်များ အား  ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar/simex … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၁-၂၀၁၉) ရက်နေ့ နေ့လည် (၁၁:၀၀) နာရီမှ (၁၂:၃၀) နာရီအထိ ရွှေဘိုမြို့၊ အ‌ခြေခံပညာ အလယ်တန်းကျောင်း၊ အိန္ဒြာရပ်၌ ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦးတို့အား သဘာဝဘေးအသိပညာပေးဆွေးနွေးဟော‌ပြောခဲ့ပြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_nov2019 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၁-၂၀၁၉) ရက်နေ့  နံနက် (၁၀:၀၀) နာရီချိန်တွင် မိုင်းခုတ်မြို့နယ်၊ လွယ်ဆောင်းကျေးရွာ အုပ်စု၊  ရေပူစမ်းကျေးရွာ (အ.မ.က) ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများအား ဆွေးနွေးပြောကြားခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ကိုပြုလုပ်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2019 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၁-၂၀၁၉) ရက်နေ့ မွန်းလွဲ (၁:၀၀) နာရီမှ (၂:၃၀) နာရီအထိမိုင်းဖြတ်မြို့နယ်၊ မိုင်းဟဲအုပ်စု၊ ဘိုရှီးကျေးရွာတွင် အုပ်စုတွင်းကျေးရွာသူကြီးများနှင့်ကျေးရွာသူ၊ ကျေးရွာသားများ စုစုပေါင်း (၆၀) ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊  သဘာဝဘေးနှင့် ဆိုင်သော အသိပညာများ ဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2019 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ငလျင်ဘေးနှင့်အခြားသဘာဝဘေးများဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၉) ရက်နေ့ နံနက် (၉) နာရီ မှ (၁၁) နာရီအထိ မိုင်းယောင်းမြို့ အထက်တန်းကျောင်း တွင်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၀) ဦးအား ငလျင်ဘေးနှင့် အခြားသဘာဝ ဘေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြော ပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ သဘာဝဘေးနှင့်ဆိုင်သော ဆောင်ရန်ရှောင်ရန်များနှင့် ပတ်သက်၍ ဟောပြောဆွေး နွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ar #shn_nov2019 … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဒေးဒရဲမြို့နယ်၊ ကျုံဘုတ်ကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာ၌ (၁၄-၁၁-၂၀၁၉)  ရက်နေ့တွင်ဖြစ်ပွားခဲ့သော တိုးမြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၅) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၁,၅၀၀/-) ကျပ် တို့ကို (၁၇-၁၁-၂၀၁၉) ရက်နေ့တွင် ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_nov2019 Source:           ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၁၁-၂၀၁၉) ရက်နေ့၊  နံနက် (၁၀:၀၀) နာရီချိန်တွင် မိုင်းခုတ်မြို့နယ်၊ လွယ်ဆောင်းကျေးရွာအုပ်စု၊ လွယ်ဆောင်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား (၅၀)ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာ သူများအား လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2019 Source:           မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events