အသိပညာပေးဟောပြောပွဲနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်နေမှုသတင်း

 

18_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊  စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ( ၁၈-၁၁-၂၀၁၉ ) ရက်နေ့တွင် အဖွဲ့ (၇) ဖွဲ့ခွဲ၍  (၀၉:၃၀) နာရီ အချိန်မှ (၁၂:၃၀) နာရီအချိန်ထိ မုံရွာမြို့ အ.ထ.က (၆) စာသင်ကျောင်း၌ ကျောင်းသား/သူဦးရေ  (၁၀၀၀) အား ငလျင်ဘေး အန္တရာယ်ဆိုင်ရာ  အသိပညာပေးဟောပြောပွဲနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ပြုလုပ်ပြီး ငလျင်နှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ၊ ပိုစတာများ၊ ငလျင်စာအုပ်များ အား  ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar/simex

#sgg_nov2019

source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှုးရုံး(ဘစမ)

Sign Up

Upcoming Events