သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

17_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၁-၂၀၁၉) ရက်နေ့ မွန်းလွဲ (၁:၀၀) နာရီမှ (၂:၃၀) နာရီအထိမိုင်းဖြတ်မြို့နယ်၊ မိုင်းဟဲအုပ်စု၊ ဘိုရှီးကျေးရွာတွင် အုပ်စုတွင်းကျေးရွာသူကြီးများနှင့်ကျေးရွာသူ၊ ကျေးရွာသားများ စုစုပေါင်း (၆၀) ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊  သဘာဝဘေးနှင့် ဆိုင်သော အသိပညာများ ဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_nov2019

Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events