လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၉) ရက်နေ့ နံနက် (၉) နာရီ မှ (၁၁) နာရီအထိ မိုင်းယောင်းမြို့ အထက်တန်းကျောင်း တွင်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၀) ဦးအား ငလျင်ဘေးနှင့် အခြားသဘာဝ ဘေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြော ပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ သဘာဝဘေးနှင့်ဆိုင်သော ဆောင်ရန်ရှောင်ရန်များနှင့် ပတ်သက်၍ ဟောပြောဆွေး နွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။
#ar
#shn_nov2019
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)