Author Archives: Department of Disaster Management

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၁၁.၂၀၁၉)ရက်နေ့ (၁၃း၀၀)နာရီမှ (၁၅း၃၀)နာရီအချိန်ထိ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ပုဇွန်ဖြေကျေးရွာအုပ်စု၊ ပုဇွန်ဖြေကျေးရွာ၊ အထက်တန်းကျောင်း(ခွဲ)၌ ဆရာ/ဆရာမ၊ ကျောင်းသား/သူများ နှင့် ကျေးရွာသူ/သား (၁၅၁)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာသိမှတ်ဖွယ်ရာများကို ဟောပြောဆွေးနွေးသရုပ်ပြခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #rke_nov2019 Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၁၁.၂၀၁၉)ရက်နေ့ နံနက်ပိုင်း (၁၀း၀၀)နာရီမှ (၁၁း၃၀)နာရီအချိန်ထိ ဟိုပန် အ့ထ့က ကျောင်း၌ ကျောင်းသား/သူ (၂၀၀)ဦးခန့်အားလည်ကောင်း၊ (၁၃း၃၀)နာရီမှ (၁၅း၀၀)နာရီအချိန်ထိ ဟိုပန်မြို့နယ်ရွှေဝါ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား/သူ (၁၅၀)ဦးခန့်အားလည်းကောင်း၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်/ရှောင်ရန်တို့ကိုဟောပြောပြီး လက်ကမ်းစာဆောင်များဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_nov2019 Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၁-၂၀၁၉) ရက်နေ့တွင် ဘိုကကျေးရွာအုပ်စု၊ ထော်ပိုင်အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၃၅၀) ဦး ခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ဲပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့် ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်တိုင်းဒေကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်တွင်(၂၁-၁၁-၂၀၁၉) ရက်နေ့ (၁၂:၃၀) နာရီအချိန် အတွင်းဝန်ဦးရှိန်လမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်ရှိ ဧရာမြေရေသန့်စက်ရုံဟောင်းနေရာရှိ ကျူးကျော်တဲနေအိမ်မှ ထင်းမီးဖိုမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၂၃၅)လုံးမီးဘေးသင့်ခဲ့ပြီး အိမ်ထောင်စု (၂၃၅) စုမှ လူဦးရေ (၉၀၅) ဦးတို့ မီးဘေးသင့်ခဲ့ရာ၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂၃၅)အိမ်ထောင်စုစာ၊ ကလေးကျောင်းဝတ်စုံ ကျား(၁၂၈)+ မ(၁၀၄) = (၂၃၂) စုံနှင့် လူဦးရေ (၉၀၅) ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၉,၀၀,၅၀ဝိ/-) တို့အား … Read more

  • မိုင်းနင်းမိ၍ ဒါဏ်ရာရရှိ ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၁၉) ရက်နေ့၌ ကျောက်မဲမြို့နယ်၊ မန်ခေါက်ကျေးရွာအုပ်စု၊ မန်ကန်ကျေးရွာတွင် မိုင်းနင်းမိ၍ ဒါဏ်ရာရရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀ဝိ/-)ကျပ်အား (၂၁-၁၁-၂၀၁၉)ရက်နေ့၌ ကျောက်မဲမြို့ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့‌‌ပေးခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_otr #shn_nov2019 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၁၁.၂၀၁၉)ရက်နေ့ (၁၅း၀၀)အချိန်၌ လပွတ္တာမြို့၊ (၁)ရပ်ကွက်ရှိ အလယ်တန်းကျောင်းမှ ကျောင်းသား/သူ (၂၀၀)ခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ရေဘေးဗီနိုင်းပိုစတာပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2019 Source:                        လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၁-၂၀၁၉) ရက်နေ့ (၁၃:၀၀) နာရီ အချိန်မှ (၁၄:၃၀) နာရီ အချိန်ထိ ကနီမြို့နယ် တပေါင်းကျေးရွာအုပ်စု၊ တပေါင်းကျေးရွာ၊ မူကြိုကျောင်းအတွင်း ကျေးရွာသူ/ကျေးရွာသား (၆၀)ဦးခန့်အား ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့နှုန်းထားများအား ရှင်းလင်းပြောကြားခဲ့ပြီး ငလျင်ဘေးနှင့် အခြားဘေးအန္တရာယ်ဆိုင်ရာ သဘာဝဘေးအသိပညာများအား ဟောပြောဆွေးနွေးခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများအား မီးဘေး၊ ရေဘေး၊ ငလျင်ဘေးနှင့် လေပြင်းဘေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_nov2019 Source: … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၁-၂၀၁၉) ရက်နေ့ (၁၄:၃၀) နာရီ အချိန်မှ(၁၅:၃၀) နာရီအချိန်ထိ ဗန်းမော်မြို့နယ်၊ အ-ထ-က (ခွဲ) သိန်လင်ကျောင်းတွင် ငလျင်ဘေး၊ မိုးကြိုးဘေး၊ မီးဘေး၊ မုန်တိုင်းဘေးနှင့် မြေပြိုဘေးဆိုင်ရာ  အသိပညာပေးဆွေနွေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သော အသိပညာပေးလက်ကမ်းစာ စောင်များကိုဖြန့်ဝေခဲ့ကာ ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမ စုစုပေါင်း (၂၅၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_nov2019 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ငလျင်ဘေး၊မိုးကြိုးဘေး၊မီးဘေးနှင့်မုန်တိုင်းဘေးဆိုင်ရာသဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၁၁-၂၀၁၉) ရက်နေ့ (၁၃:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိ ဗန်းမော်မြို့နယ်၊ အ-ထ-က (ခွဲ) ဖိုးဒေဝကျောင်း တွင် ငလျင်ဘေး၊ မိုးကြိုးဘေး၊ မီးဘေးနှင့် မုန်တိုင်းဘေးဆိုင်ရာ အသိပညာပေးဆွေနွေး ဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမစုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သော အသိပညာပေးလက်ကမ်းစာစောင် များ ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #kcn_nov2019 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events