မီးဘေးသင့် ပြည်သူများအားထောက်ပံ့မှုသတင်း

23_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်တိုင်းဒေကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်တွင်(၂၁-၁၁-၂၀၁၉) ရက်နေ့ (၁၂:၃၀) နာရီအချိန် အတွင်းဝန်ဦးရှိန်လမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်ရှိ ဧရာမြေရေသန့်စက်ရုံဟောင်းနေရာရှိ ကျူးကျော်တဲနေအိမ်မှ ထင်းမီးဖိုမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၂၃၅)လုံးမီးဘေးသင့်ခဲ့ပြီး အိမ်ထောင်စု (၂၃၅) စုမှ လူဦးရေ (၉၀၅) ဦးတို့ မီးဘေးသင့်ခဲ့ရာ၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂၃၅)အိမ်ထောင်စုစာ၊ ကလေးကျောင်းဝတ်စုံ ကျား(၁၂၈)+ မ(၁၀၄) = (၂၃၂) စုံနှင့် လူဦးရေ (၉၀၅) ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၉,၀၀,၅၀ဝိ/-) တို့အား (၂၂-၁၁-၂၀၁၉) ရက်နေ့တွင်  ဘေးသင့်ပြည်သူများထံသို့ သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_fir
#ygn_nov2019
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events