သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

23_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၁-၂၀၁၉) ရက်နေ့ (၁၃:၀၀) နာရီ အချိန်မှ (၁၄:၃၀) နာရီ အချိန်ထိ ကနီမြို့နယ် တပေါင်းကျေးရွာအုပ်စု၊ တပေါင်းကျေးရွာ၊ မူကြိုကျောင်းအတွင်း ကျေးရွာသူ/ကျေးရွာသား (၆၀)ဦးခန့်အား ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့နှုန်းထားများအား ရှင်းလင်းပြောကြားခဲ့ပြီး ငလျင်ဘေးနှင့် အခြားဘေးအန္တရာယ်ဆိုင်ရာ သဘာဝဘေးအသိပညာများအား ဟောပြောဆွေးနွေးခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများအား မီးဘေး၊ ရေဘေး၊ ငလျင်ဘေးနှင့် လေပြင်းဘေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#sgg_nov2019
Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events