
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၁၁-၂၀၁၉) ရက်နေ့ (၁၃:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိ ဗန်းမော်မြို့နယ်၊ အ-ထ-က (ခွဲ) ဖိုးဒေဝကျောင်း တွင် ငလျင်ဘေး၊ မိုးကြိုးဘေး၊ မီးဘေးနှင့် မုန်တိုင်းဘေးဆိုင်ရာ အသိပညာပေးဆွေနွေး ဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမစုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သော အသိပညာပေးလက်ကမ်းစာစောင် များ ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ar
#kcn_nov2019
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)