လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၁၁.၂၀၁၉)ရက်နေ့ (၁၅း၀၀)အချိန်၌ လပွတ္တာမြို့၊ (၁)ရပ်ကွက်ရှိ အလယ်တန်းကျောင်းမှ ကျောင်းသား/သူ (၂၀၀)ခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ရေဘေးဗီနိုင်းပိုစတာပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_nov2019
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)