လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၁-၂၀၁၉) ရက်နေ့ (၁၄:၃၀) နာရီ အချိန်မှ(၁၅:၃၀) နာရီအချိန်ထိ ဗန်းမော်မြို့နယ်၊ အ-ထ-က (ခွဲ) သိန်လင်ကျောင်းတွင် ငလျင်ဘေး၊ မိုးကြိုးဘေး၊ မီးဘေး၊ မုန်တိုင်းဘေးနှင့် မြေပြိုဘေးဆိုင်ရာ အသိပညာပေးဆွေနွေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သော အသိပညာပေးလက်ကမ်းစာ စောင်များကိုဖြန့်ဝေခဲ့ကာ ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမ စုစုပေါင်း (၂၅၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#kcn_nov2019
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)