Author Archives: Department of Disaster Management
-
ငလျင်ဘေးအသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၀) ရက်နေ့ နေ့လည်ပိုင်း(၁၃:၀၀)အချိန်မှ (၁၄:၃၀)အချိန်အထိ တောင်ကြီးမြို့နယ်၊ အလက၊ ကုန်းပေါ်ရွှေညောင် မြို့တွင် ငလျင်ဘေးနှင့် အခြားသဘာဝဘေးများ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်း သား/သူ(၂၀၀)ဦးအား လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်း၊ သရုပ်ပြသ ခြင်းများအား ပြုလုပ်နိုင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #simex-eqk #shn_jan2020
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၀) ရက်နေ့ နံနက် ပိုင်း (၀၉:၀၀)အချိန်မှ(၁၁:၀၀)အချိန်အထိတောင်ကြီးမြို့နယ် အလက စဉ့်ဟယ်၌ ငလျင်ဘေး အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းအားဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ (၄၀၀) ဦးအား ငလျင်ဘေးအသိပညာပေးဟောပြောခြင်း၊ ပညာပေးဗွီနိုင်းပိုစတာများပြသခြင်းနှင့် ပညာပေးဗီဒီယိုပြသခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #simex-eqk #shn_jan2020
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဆိတ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၁ – ၁ – ၂၀၂၀ ) ရက်နေ့တွင် ( ၁၄ : ၀၀ )နာရီအချိန်မှ ( ၁၆ : ၀၀ )နာရီအချိန်အထိ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် ပေတောကျေးရွာအုပ်စု၊ ပေတောကျေးရွာဘုန်းကြီးကျောင်းတွင် ကျေးရွာ နေပြည်သူ (၁၄၀) ဦးအား ဦးစီးဌာန၏ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များ၊ ထောက်ပံ့ မှုနှုန်းထားများ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန် များအား … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၀-၂၀၁၉) ရက်နေ့တွင် သီပေါမြို့နယ်၊ မိုင်းလင်းကျေးရွာအုပ်စုတွင် မီးလောင်မှုကြောင့် ပျက်စီးခဲ့သော မြောက်ရွာ ဘုန်းတော်ကြီးကျောင်း၌ အသစ်ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သော (၁၁လိုင်းပါ ၇ပေ) အမိုးသွပ် (၄၀၀) ချပ်အား (၂၁-၁-၂၀၂၀) ရက်နေ့(၁၀:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir # shn_jan2020
-
အသိပညာပေးဗီနိုင်းဆိုင်းဘုတ်အသစ်တပ်ဆင်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရာသီအလိုက် ဖြစ်ပွားတတ်သောဘေး အန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူများသိရှိစေရန် အတွက် အသိပညာပေးဗီနိုင်းဆိုင်းဘုတ်ပိုစတာကို ဇမ္မူသီရိမြို့နယ်၊ အင်ကြင်းဈေး တွင်( ၂၁ – ၁ – ၂၀၂၀ ) ရက်နေ့၌ စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ #npw_jan2020 Source: ပြည်ထောင်စုနယ်မြေ၊နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုနှင့် ကမ်းပါးပြိုကျနေမှုအား သွားရောက်စစ်ဆေးကူညီဆောင်ရွက်ခြင်းသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၁-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီမှ(၁၅:၀၀)နာရီအချိန်အထိ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ သစ်ချီပင်ကျေးရွာအုပ်စု၊ သစ်ချီပင် ကျေးရွာဓမ္မာရုံ၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ နံရံ ကပ်ပိုစတာများပေးအပ်ခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်း၊ ခေါက်ဆွဲခြောက်များပေးဝေခြင်း တို့ဆောင်ရွက်ခဲ့ရာ ကျေးရွာသူ/သား စုစုပေါင်း(၁၅၀) ဦး ခန့်တက်ရောက် ခဲ့ပါသည်။ ထို့နောက် သစ်ချီပင်ကမ်းပါးပြိုကျနေမှုအား သွားရောက်စစ်ဆေး၍ ပညာရေးဝန်ကြီး တာဝန်ရှိသူများနှင့်အတူ ကမ်းပါးအနီးရှိ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း ကြံ့ခိုင်မှုအား သွားရောက်စစ်ဆေးခဲ့ကြ ပါသည်။ … Read more
-
Myanmar Disaster Management Programme (၆) နှစ် စီမံကိန်းအစီအစဉ် ပြီးမြောက်ခြင်း အခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာနနှင့် USFS တို့က USAID ၏ အထောက်အပံ့ဖြင့် ပူးပေါင်းဆောင်ရွက် ခဲ့သော Myanmar Disaster Management Programme (၆) နှစ်စီမံကိန်းအစီအစဉ် ပြီးမြောက်ခြင်းအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့၌ နေပြည်တော်တွင် ပြုလုပ်ကျင်းပခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း/အမှုထမ်းများ၊ USAID, OFDA, USFS နှင့် WFP တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၁ – ၁ – ၂၀၂၀ ) ရက်နေ့၊ ( ၉ : ၀၀ ) နာရီမှ ( ၁၀ : ၃၀ ) နာရီအထိ မင်းဘူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသူကျောင်းသား (၂၉၀) ဦးအား ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ သဘာဝဘေးနှင့်ဆိုင်သော အသိပညာများဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_jan2020 … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေ ရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ အုပ်စု၊ ကြာကန်ကျေးရွာ ဦးဝင်းကြည်တဲတိုက်၊ အောင်ချမ်းသာကွက်သစ်၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့မှ အိမ်ခြေ (၁၁၃) လုံး၊ အိမ်ထောင်စု (၁၂၈) စု၊ လူဦးရေ (၆၁၇) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၂၁-၁-၂၀၂၀) ရက်နေ့ (၁၀ : ၃၀) နာရီအချိန်တွင် တဲတိုက်များအရောက် သောက်သုံးရေများ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါ … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၂၀) ရက် နေ့ (၁၃:၀၅) နာရီချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ၊အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ အိမ်အမှတ်(၇၂၅)ရှိ ပိုင်ရှင် ဦးတိုးရီ၏ နေအိမ်တွင် ဝါယာရှော့မှ တဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ်(၁)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၁) စုမှ လူဦးရေ (၃)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ဖိုးငွေ(၂၀၆,၃၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုး (၁) … Read more
