လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၂၀) ရက် နေ့ (၁၃:၀၅) နာရီချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ၊အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ အိမ်အမှတ်(၇၂၅)ရှိ ပိုင်ရှင် ဦးတိုးရီ၏ နေအိမ်တွင် ဝါယာရှော့မှ တဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ်(၁)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၁) စုမှ လူဦးရေ (၃)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ဖိုးငွေ(၂၀၆,၃၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုး (၁) အိမ်ထောင်စုစာတို့အား (၂၀-၁-၂၀၂၀)ရက်နေ့ (၁၁:၀၀) နာရီ ချိန်တွင် ဘေးသင့်ပြည်သူတို့၏ လက်ဝယ်သို့ သွားရောက် ထောက်ပံ့ ပေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_fir
#ygn _jan2020