
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၀) ရက်နေ့ နံနက် ပိုင်း (၀၉:၀၀)အချိန်မှ(၁၁:၀၀)အချိန်အထိတောင်ကြီးမြို့နယ် အလက စဉ့်ဟယ်၌ ငလျင်ဘေး အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းအားဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ (၄၀၀) ဦးအား ငလျင်ဘေးအသိပညာပေးဟောပြောခြင်း၊ ပညာပေးဗွီနိုင်းပိုစတာများပြသခြင်းနှင့် ပညာပေးဗီဒီယိုပြသခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#simex-eqk
#shn_jan2020