Author Archives: Department of Disaster Management
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ သံဖြူဇရပ်မြို့နယ်၊ ကျောင်းပိုင်းရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/ ကျောင်းသူ (၁၅၀)ဦးခန့်ကို သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်းသည့်အကြောင်းအရာများ၊ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များနှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jan2020 Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ကွေ့ချောင်းကျေးရွာအုပ်စု၊ ကွေ့ချောင်းကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ (၂၆-၁-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်မှ (၁၃:၃၀)နာရီအချိန်အထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား စုစုပေါင်း (၁၅၁)ဦးတက်ရောက်ခဲ့ပြီး အဆိုပါဟောပြောပွဲ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာသိမှတ်ဖွယ်ရာများကို ဟောပြောဆွေးနွေးသရုပ်ပြခြင်းများဆောင်ရွက်ခဲ့ ပါကြောင်းသတင်းရရှိပါသည်။ #ar #rke_jan2020 Source: သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ဦးစီးမှူးရုံးသစ် (၄၀’ ၆၀’ ၂၈’) စတုရန်းပေ (၄,၈၀၀) နှစ်ထပ်ရုံးသစ်ဆောက်လုပ်ရန် မြေသန့်ပရိတ် တရားတော် နာယူခြင်းနှင့် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပခြင်းအား (၂၈-၁-၂၀၂၀) နံနက် (၅:၃၀) နာရီအချိန်မှ စတင်ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားအား ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်မှ တက်ရောက်ခဲ့ပါသည်။ ညွှန်ကြားရေးမှူးနှင့်တကွ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အာရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်းပြီးနောက် မြေသန့်မင်္ဂလာပရိတ်တရားတော်များ နာယူ၍ လှူဖွယ်ဝတ္တုအစုစုတို့အား ဆပ်ကက် လှူဒါန်းခဲ့ပါသည်။ ထို့နောက်မင်္ဂလာအချိန် နံနက် (၈:၁၀) နာရီအချိန် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁-၂၀၂၀) ရက်နေ့၊ (၁၀:၃၀)နာရီအချိန်မှ (၁၁:၃၀)နာရီ အချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ မှိန်ဂနိမ်းကျေးရွာ၊ ကော့ဘွီးကျေးရွာအုပ်စု၊ ကော့ဘွီးဓမ္မာရုံ၌ သဘာ၀ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပခြင်း၊ (DAN)Applicationဖြန့်ဝေခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ရာ ပြည်သူလူထု စုစုပေါင်း (၁၀၀)ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jan2020 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီမှ (၁၄:၀၀) နာရီအချိန်အထိ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ညောင်ကပ္ပင်ကျေးရွာအုပ်စု၊ ညောင်ကပ္ပင်ကျေးရွာရှိ ဒေသခံနေအိမ်၌ သဘာဝဘေးအန္တ ရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ နံရံကပ်ပိုစတာများပေး အပ်ခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်း၊ ခေါက်ဆွဲခြောက်နှင့် သကြားလုံးများ ပေးဝေ ခြင်းတို့ဆောင်ရွက်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း(၁၅၀) ဦးခန့် တက်ရောက်ခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ #ar #bgo_jan2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုင်းထိပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၃ – ၁-၂၀၂၀ ) ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ မန်ခေါက်ကျေးရွာအုပ်စု၊ အာပြောင်ကျေးရွာ အနီးတွင် မိုင်းနင်းမိ၍ ဒဏ်ရာရရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀ဝိ/-) ကျပ်အား ( ၂၈ – ၁-၂၀၂၀ ) ရက်နေ့ ( ၁၂ : ၃၀ ) နာရီအချိန်တွင် ကျောက်မဲမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၈ – ၁ – ၂၀၂၀ ) ရက်နေ့၊ ( ၁၀ : ၃၀ ) နာရီအချိန်မှ ( ၁၂ : ၀၀ ) နာရီအချိန်အထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ကျုံပါကျေးရွာဘုန်းကြီးကျောင်း၌ ပြည်သူလူထုအင်အားစုစုပေါင်း (၁၅၀) ဦး ခန့်အား သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။ … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေ ရှားပါးမှုအခက်အခဲကြုံတွေ့နေရသော နတ်မောက်မြို့နယ်၊ တမလန်းပင် ကျေးရွာအုပ်စု၊ အင်တောရွာသစ်ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၆၀) လုံး၊ အိမ်ထောင်စု (၁၉၀) စု၊ လူဦးရေ (၈၅၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၁၂,၀၀၀) အား (၂၈-၁-၂၀၂၀) ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် ကျေးရွာအရောက် သောက်သုံးရေများ သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #mgy_jan2020 Source: မကွေးတိုင်းဒေသကြီးဦးစီမှူးရုံးမှ (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် ( ၂၇ – ၁ -၂၀၂၀ ) ရက်နေ့၊ ( ၀၉ : ၀၀ )နာရီ အချိန်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ အ.ထ.က (ခွဲ) အင်တောကျယ်မှ ကျောင်းသား / သူ (၂၇၀) ဦးအားလည်းကောင်း၊ ( ၁၄ : ၀၀ ) နာရီ အချိန်တွင် မကြီးတိုင်းကျေးရွာမှ ကျေးရွာသူ / … Read more
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီး စီးဌာန၊ နေပြည်တော်တိုင်းဉီးစီးမှူးနှင့် တာဝန်ရှိသူများသည် (၂၇.၁.၂၀၂၀)ရက်နေ့၊ (၁၃:၀၀)ချိန်မှ (၁၅:၁၀) ချိန်အထိ ဇဗ္ဗူသီရိမြို့နယ်၊ အ.ထ.က (၁၁)ကျောင်းတွင် ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အတွက် သဘာဝ ဘေးအသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ ပြုမူနေထိုင်ရမည်ကို ကျောင်းသား/သူ (၂၁၀) ဉီးအား သရုပ်ပြခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာ၊ နံရံကပ်ပိုစတာများနှင့် … Read more
