လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီမှ (၁၄:၀၀) နာရီအချိန်အထိ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ညောင်ကပ္ပင်ကျေးရွာအုပ်စု၊ ညောင်ကပ္ပင်ကျေးရွာရှိ ဒေသခံနေအိမ်၌ သဘာဝဘေးအန္တ ရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ နံရံကပ်ပိုစတာများပေး အပ်ခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်း၊ ခေါက်ဆွဲခြောက်နှင့် သကြားလုံးများ ပေးဝေ ခြင်းတို့ဆောင်ရွက်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း(၁၅၀) ဦးခန့် တက်ရောက်ခဲ့ပါ ကြောင်းသတင်းရရှိပါသည်။
#ar
#bgo_jan2020
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)