လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေ ရှားပါးမှုအခက်အခဲကြုံတွေ့နေရသော နတ်မောက်မြို့နယ်၊ တမလန်းပင် ကျေးရွာအုပ်စု၊ အင်တောရွာသစ်ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၆၀) လုံး၊ အိမ်ထောင်စု (၁၉၀) စု၊ လူဦးရေ (၈၅၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၁၂,၀၀၀) အား (၂၈-၁-၂၀၂၀) ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် ကျေးရွာအရောက် သောက်သုံးရေများ သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#mgy_jan2020
Source: မကွေးတိုင်းဒေသကြီးဦးစီမှူးရုံးမှ (ဘစမ)