
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ဦးစီးမှူးရုံးသစ် (၄၀’ ၆၀’ ၂၈’) စတုရန်းပေ (၄,၈၀၀) နှစ်ထပ်ရုံးသစ်ဆောက်လုပ်ရန် မြေသန့်ပရိတ် တရားတော် နာယူခြင်းနှင့် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပခြင်းအား (၂၈-၁-၂၀၂၀) နံနက် (၅:၃၀) နာရီအချိန်မှ စတင်ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားအား ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်မှ တက်ရောက်ခဲ့ပါသည်။ ညွှန်ကြားရေးမှူးနှင့်တကွ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အာရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်းပြီးနောက် မြေသန့်မင်္ဂလာပရိတ်တရားတော်များ နာယူ၍ လှူဖွယ်ဝတ္တုအစုစုတို့အား ဆပ်ကက် လှူဒါန်းခဲ့ပါသည်။ ထို့နောက်မင်္ဂလာအချိန် နံနက် (၈:၁၀) နာရီအချိန် တွင် တိုင်းဦးစီးမှူး၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများနှင် ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ က မင်္ဂလာပန္နက်တိုင်များ စိုက်ထူခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
#bgo_jan2020
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)