သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

 

28_Pic_04 28_Pic_05

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီး စီးဌာန၊ နေပြည်တော်တိုင်းဉီးစီးမှူးနှင့် တာဝန်ရှိသူများသည် (၂၇.၁.၂၀၂၀)ရက်နေ့၊ (၁၃:၀၀)ချိန်မှ (၁၅:၁၀) ချိန်အထိ ဇဗ္ဗူသီရိမြို့နယ်၊ အ.ထ.က (၁၁)ကျောင်းတွင် ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အတွက် သဘာဝ ဘေးအသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ ပြုမူနေထိုင်ရမည်ကို ကျောင်းသား/သူ (၂၁၀) ဉီးအား သရုပ်ပြ‌ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာ၊ နံရံကပ်ပိုစတာများနှင့် မုန့်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
#ar
#npw_jan2020
 
 
Source: နေပြည်တော်တိုင်းဉီးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events