လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် ( ၂၇ – ၁ -၂၀၂၀ ) ရက်နေ့၊ ( ၀၉ : ၀၀ )နာရီ အချိန်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ အ.ထ.က (ခွဲ) အင်တောကျယ်မှ ကျောင်းသား / သူ (၂၇၀) ဦးအားလည်းကောင်း၊ ( ၁၄ : ၀၀ ) နာရီ အချိန်တွင် မကြီးတိုင်းကျေးရွာမှ ကျေးရွာသူ / သား (၁၀၀)ဦး တို့အားလည်းကောင်း မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန် / ရှောင် ရန်အချက်များ ဟောပြောခဲ့ပြီး တက်ရောက်လာသူများအား စာရေးကိရိယာများ၊ ဆပ်ပြာ မှုန့်ထုပ်များနှင့် လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်းသတင်းရရှိပါသည်။
#ar
#mdy_jan2020
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)