Author Archives: Department of Disaster Management

  • ဝန်ထမ်းအိမ်ရာတည်ဆောက်နေမှုအား စစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၀) ရက်နေ့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် (Brightway) ကုမ္ပဏီမှ သထုံခရိုင်ဦးစီးမှူးရုံး ဝန်ထမ်း အိမ်ရာတည်ဆောက်နေမှုအား သွားရောက်စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား သတ်မှတ်ကာလအတွင်း သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် တည်ဆောက်ရန်မှာကြားခဲ့ပါကြောင်းသတင်းရရှိပါသည်။ #mon_jan2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၁-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီ မှ(၁၄:၃၀)နာရီအထိ ပဲခူးခရိုင်၊ ကဝမြို့နယ်၊နဘဲပင်ကျေးရွာ၊ နဘဲပင်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် နဘဲပင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ရပ်မိရပ်ဖများကျေးရွာများအတွင်းရှိ ပြည်သူများ/ စုစုပေါင်း တက်ရောက်လာ သူ(၁၅၀)ဦးခန့်အား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး ဘေးမဖြစ်မီ ကြိုတင် ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ရှောင်ရန်များကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး မီးဘေးဗီနိုင်း၊(မီးဘေး၊ရေဘေး၊လေဘေးနှင့် ငလျင်ဘေးပိုစတာများ) အား ရပ်ကွက် အုပ်ချုပ်ရေးမှူးသို့ ပေးအပ်ခဲ့ပြီး … Read more

  • (multi- purpose shelter) တည်ဆောက်နေမှုအား စစ်ဆေးကြည့်ရှု့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ၊ အဖွဲ့ဝင်များနှင့်အတူ (၂၉-၁-၂၀၂၀) ရက်နေ့၌ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ခွင့်ပြုရန်ပုံငွေဖြင့် ဘီးလင်းမြို့နယ် ဆရာစံရပ်ကွက်နှင့် ကန်သာယာရပ်ကွက်တို့တွင် (multi-purpose shelter) တည်ဆောက်နေမှုအား သွားရောက် စစ်ဆေးကြည့်ရှုခဲ့ပါသည်။ ထို့နောက် မွန်ပြည်နယ်ဦးစီးမှူးမှ project တာဝန်ရှိသူများအား သတ်မှတ်ကာလအတွင်း သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် တည်ဆောက်ရန် မှာကြားခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #mon_jan2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးနှင့် ဘူးသီးတောင်မြို့နယ်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ( ၂၉ – ၁ -၂၀၂၀ ) ရက်နေ့၊ ( ၁၂ : ၃၀ ) နာရီအချိန်မှ ( ၁၃ : ၄၀ ) နာရီအချိန်အထိ ဘူးသီးတောင်မြို့၊ မြို့မ (၂) ရပ်ကွက်အခြေခံပညာအထက်တန်းကျောင်း ၊ အ.ထ.က (ခွဲ)၊ အ.လ.က(၃) ကျောင်းတွင် ဆရာ/ ဆရာမများနှင့် … Read more

  • မိုင်းထိမှန်ဒဏ်ရာရရှိသူ ပြည်သူအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၂၀) ရက်နေ့၌ ကျောက်မဲမြို့နယ်၊ ကွမ်းစလန်းကျေးရွာအုပ်စု၊ ကျောက်ဖြူလေး ကျေးရွာတွင် မိုင်းထိမှန်၍ ဒဏ်ရာရရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်အား (၂၉-၁-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်၌ ကျောက်မဲမြို့ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူများလက်၀ယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #shn_jan2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉ – ၁ – ၂၀၂၀ ) ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ အ.လ.က(ထိန်တွင်း) စာသင်ကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်း သား / သူ (၂၀၀) ဦးတက်ရောက်ခဲ့ပါကြောင်းနှင့် လက်ကမ်းစာစောင်များ၊ သရုပ်ပြခြင်း များဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #tny_jan2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)  

  • သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်( ၂၉ – ၁ – ၂၀၂၀ )  ရက်နေ့ ၊ နံနက်( ၉: ၀၀ ) အချိန်တွင် မြိတ်မြို့နယ်၊ မြိတ်တောင်ရပ်ကွက်၊ ဘုရားကိုင်ရပ်၊ အောင်မြေသုခ ဘုန်းတော်ကြီးကျောင်းတွင် မြေပြိုဘေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့် ခြင်းကို မြို့နယ်သဘာဝဘေးကော်မတီ၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ အရန်မီး သတ်တပ်ဖွဲ့၊ အရေးပေါ်လူနာတင်ယာဉ်အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်းရေးမှူးနှင့် ရာအိမ်မှူးများ၊ ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်နေပြည်သူများ၊ ကျောင်းသား၊ … Read more

  • သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်အထိ ဒက္ခိဏသီရိမြို့နယ်၊ အ.မ.က (မူလွန်) ကျောက်ခဲအင်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန် အချက်များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေး ဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို ကျောင်းသား၊ ကျောင်းသူ (၂၆၀) ဦးအား သရုပ်ပြခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များ၊ … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၀) ရက်နေ့တွင် (၁၁:၀၀)မှ(၁၂:၃၀)အချိန်အထိ ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာ၊ အ.ထ.က ကျောင်း၌ကျောင်းသား/ သူနှင့် ဆရာ/ဆရာမ (၅၅၀) ဦးတို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ရေဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိပညာ ပေးဆွေးနွေး ဟောပြောခြင်း၊ သရုပ်ပြခြင်း၊ အမေး အဖြေများ အပြန်အလှန် ဆောင်ရွက်ခြင်းနှင့်လက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_jan2020   Source:ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)  

  • သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၀) ရက်နေ့ နံနက် (၉:၀၀) နာရီမှ (၁၁:၀၀) နာရီ အချိန်ထိ အ.ထ.က (၂)၊ ပင်လုံမြို့တွင် ကျောင်းသား၊ ကျောင်းသူ (၂၅၀) ဦးခန့်အား ငလျင်ဘေး၊ မီးဘေး၊ မြေပြိုဘေး နှင့် အခြားဘေးန္တရာယ်များကို အသိပညာပေး ဟောပြော၍ သရုပ်ပြသခြင်းနှင့် လက်ကမ်းစာ စောင်များဝေငှပြီး ဗလာစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #shn_jan2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events