လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးနှင့် ဘူးသီးတောင်မြို့နယ်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ( ၂၉ – ၁ -၂၀၂၀ ) ရက်နေ့၊ ( ၁၂ : ၃၀ ) နာရီအချိန်မှ ( ၁၃ : ၄၀ ) နာရီအချိန်အထိ ဘူးသီးတောင်မြို့၊ မြို့မ (၂) ရပ်ကွက်အခြေခံပညာအထက်တန်းကျောင်း ၊ အ.ထ.က (ခွဲ)၊ အ.လ.က(၃) ကျောင်းတွင် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ (၂၀၀) ဦးအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန် အ ချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးနှင့် ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ဖြစ်ကြောင်းကို သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် ဗ လာစာအုပ်များဖြန့် ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ar
#rke_jan2020
Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)