
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၀) ရက်နေ့တွင် (၁၁:၀၀)မှ(၁၂:၃၀)အချိန်အထိ ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာ၊ အ.ထ.က ကျောင်း၌ကျောင်းသား/ သူနှင့် ဆရာ/ဆရာမ (၅၅၀) ဦးတို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ရေဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိပညာ ပေးဆွေးနွေး ဟောပြောခြင်း၊ သရုပ်ပြခြင်း၊ အမေး အဖြေများ အပြန်အလှန် ဆောင်ရွက်ခြင်းနှင့်လက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source:ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)