
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၁-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီ မှ(၁၄:၃၀)နာရီအထိ ပဲခူးခရိုင်၊ ကဝမြို့နယ်၊နဘဲပင်ကျေးရွာ၊ နဘဲပင်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် နဘဲပင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ရပ်မိရပ်ဖများကျေးရွာများအတွင်းရှိ ပြည်သူများ/ စုစုပေါင်း တက်ရောက်လာ သူ(၁၅၀)ဦးခန့်အား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး ဘေးမဖြစ်မီ ကြိုတင် ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ရှောင်ရန်များကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး မီးဘေးဗီနိုင်း၊(မီးဘေး၊ရေဘေး၊လေဘေးနှင့် ငလျင်ဘေးပိုစတာများ) အား ရပ်ကွက် အုပ်ချုပ်ရေးမှူးသို့ ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ မုန့်များဝေငှပေးခဲ့ ကြောင်း သိရှိရပါသည်။
Source: ကဝမြို့နယ်ဉီးစီးမှူးရုံး (ဘစမ)