(multi- purpose shelter) တည်ဆောက်နေမှုအား စစ်ဆေးကြည့်ရှု့မှုသတင်း

29_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ၊ အဖွဲ့ဝင်များနှင့်အတူ (၂၉-၁-၂၀၂၀) ရက်နေ့၌ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ခွင့်ပြုရန်ပုံငွေဖြင့် ဘီးလင်းမြို့နယ် ဆရာစံရပ်ကွက်နှင့် ကန်သာယာရပ်ကွက်တို့တွင် (multi-purpose shelter) တည်ဆောက်နေမှုအား သွားရောက် စစ်ဆေးကြည့်ရှုခဲ့ပါသည်။ ထို့နောက် မွန်ပြည်နယ်ဦးစီးမှူးမှ project တာဝန်ရှိသူများအား သတ်မှတ်ကာလအတွင်း သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် တည်ဆောက်ရန် မှာကြားခဲ့ ပါကြောင်း သတင်းရရှိပါသည်။

#mon_jan2020
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events