Author Archives: Department of Disaster Management
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁- ၁- ၂၀၂၀)ရက်နေ့၊ (၁၃ : ၃၀)အချိန်မှ (၁၅ : ၃၀) အချိန်အထိ လယ်ဝေးမြို့နယ်၊ (အ.လ.က) ဂုဏ်မင်းမြှောင်စာသင်ကျောင်းတွင် ကျောင်းသား / သူများအား သဘာဝဘေး အန္တရာယ် များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက် နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို ကျောင်းသား/သူ (၂၀၀)ဦးအား သရုပ်ပြခဲ့ပြီး … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၁-၁-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီ အချိန်အထိ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ နောင်ဆာ (အ.လ.က) ကျောင်း၌ ဆရာ/ဆရာမများ၊ ကျောင်းသား/ သူများ စုစုပေါင်း (၁၅၀) ဦးကို သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jan2020 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၃၁ -၁-၂၀၂၀ ) ရက်နေ့၊ ( ၁၃ : ၀၀ ) နာရီအချိန်တွင် မကွေးမြို့၊ အ.လ.က ကန်သာကျောင်း၌ ဆရာ / ဆရာမများနှင့် ကျောင်းသား / ကျောင်းသူ (၃၅၀) ဦးခန့်အား သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များအကြောင်းနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန် / ရှောင်ရန်အကြောင်အရာများအား ဟောပြောပို့ချခြင်းနှင့် သဘာဝဘေးလက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ပါကြောင်း … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူအခြေခံသင်တန်း(၇/၂၀၂၀)ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၁-၂၀၂၀)ရက်နေ့တွင် ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(အစည်းအဝေးခန်းမ)၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူအခြေခံ သင်တန်း(၇/၂၀၂၀)ကို သင်တန်းသား(၃၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၃) ရက်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_jan2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၁:၄၅) အချိန်အထိ လယ်ဝေးမြို့နယ်၊(အ.လ.က)(ခွဲ) အောင်းကြီးကုန်းစာသင်ကျောင်းတွင် ကျောင်းသား၊ သူများအား သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန် အချက်များအားသိရှိလိုက်နာ ဆောင်ရွက်နိုင် ရေးအတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးဖြစ် ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို ကျောင်းသား၊ သူ (၂၀၀) ဦးအား သရုပ်ပြခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အမေးအဖြေကဏ္ဍများ အပြန်အလှန်ပြုလုပ်ပြီး နောက် တက်ရောက်လာသူများအား … Read more
-
မြေပြိုဘေးအသိပညာပေး ဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လဟယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၂၀) ရက်နေ့ မြေပြိုဘေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပြီးစီးခဲ့ပါကြောင်း သတင်းရ ရှိပါသည်။ #ar #sgg_jan2020 Source: လဟယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်အစိုးရ၏ ညွှန်းကြားချက်အရ ရသေ့တောင်မြို့နယ်၊ စဖိုးကျွန်းကျေးရွာရှိ တိုက်ပွဲရှောင်အိမ်ထောင်စု ( ၂၀) စု၊ လူဦးရေ (၆၁ ) ဦးအတွက် ဆန်ရိက္ခာ( ၁) လစာ ဆန် (၁၉) အိတ်၊ (၁) ပြည်၊ (၄)ဗူးအား ( ၃၁- ၁- ၂၀၂၀) ရက်တွင် ကျေးရွာအုပ်ချုပ် ရေးမှူးလက်ဝယ်သို့ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_jan2020 … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၃၁ -၁-၂၀၂၀ ) ရက်နေ့၊ (၀၉ : ၀၀) အချိန်တွင် လှိုင်းဘွဲမြို့နယ်၊ အ.မ.က (၃) မူလွန်ကျောင်း၌ ကျောင်းသား / သူ (၃၆၀) ခန့်အား သဘာဝဘေးအန္တရာယ်များဖြစ်သည့် မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးနှင့် မုန်တိုင်းဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_jan2020 Source: … Read more
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မြို့နယ်ခန်းမ၌ (၃၁-၁-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်မှ (၁၂:၃၀) နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ ပိုစတာများ၊ ဗီနိုင်းများ၊ ငလျင်ယပ်တောင်များ၊ ငလျင်ဇာတ်တိုက်စာအုပ်များ၊ ငလျင်ရုပ်ပြစာအုပ်များနှင့် လက်ကမ်း စာစောင်များဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချူပ်ရေးမှူးများနှင့် ကျေးလက်စာရေး (၁၅၀) ဦးခန့်တက် ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
ဘေးသင့်ပြည်သူများနှင့် ဘေးသင့်သေဆုံးသူများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့၊ ညောင်မောင်း ကျေးရွာအုပ်စု၊ ညောင်မောင်းကျေးရွာအတွင်း၌ (၂၈-၁-၂၀၂၀)ရက်နေ့တွင် လက်နက်ကြီးကျရောက်ထိမှန်၍ ပျက်စီးနေအိမ်(၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၂၀,၀၀ဝ/-) ကျပ်၊ လူဦးရေ(၃၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၉,၃၀ဝ/-) ကျပ်နှင့် ဘေးသင့်သေဆုံးသူ(၂)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၆၀၀,၀၀ဝ/-) ကျပ်တို့ကို (၃၁-၁-၂၀၂၀)ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #shn_jan2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
