သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

31_ Pic _ 01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၁:၄၅) အချိန်အထိ လယ်ဝေးမြို့နယ်၊(အ.လ.က)(ခွဲ) အောင်းကြီးကုန်းစာသင်ကျောင်းတွင် ကျောင်းသား၊ သူများအား သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန် အချက်များအားသိရှိလိုက်နာ ဆောင်ရွက်နိုင် ရေးအတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးဖြစ် ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို ကျောင်းသား၊ သူ (၂၀၀) ဦးအား သရုပ်ပြခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အမေးအဖြေကဏ္ဍများ အပြန်အလှန်ပြုလုပ်ပြီး နောက် တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာ၊ နံရံကပ်ပိုစတာများနှင့် မုန့်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။

#ar
#npw_jan2020
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events