လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၃၁ -၁-၂၀၂၀ ) ရက်နေ့၊ ( ၁၃ : ၀၀ ) နာရီအချိန်တွင် မကွေးမြို့၊ အ.လ.က ကန်သာကျောင်း၌ ဆရာ / ဆရာမများနှင့် ကျောင်းသား / ကျောင်းသူ (၃၅၀) ဦးခန့်အား သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များအကြောင်းနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန် / ရှောင်ရန်အကြောင်အရာများအား ဟောပြောပို့ချခြင်းနှင့် သဘာဝဘေးလက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_jan2020
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)