လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မြို့နယ်ခန်းမ၌ (၃၁-၁-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်မှ (၁၂:၃၀) နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ ပိုစတာများ၊ ဗီနိုင်းများ၊ ငလျင်ယပ်တောင်များ၊ ငလျင်ဇာတ်တိုက်စာအုပ်များ၊ ငလျင်ရုပ်ပြစာအုပ်များနှင့် လက်ကမ်း စာစောင်များဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချူပ်ရေးမှူးများနှင့် ကျေးလက်စာရေး (၁၅၀) ဦးခန့်တက် ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#bgo_jan2020
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)